ပြည်သူ့လွှတ်တော် ရပ်ဆိုင်းပေးဖို့ အဆို ပယ်ချခံရ




ဒီကနေ့ သြဂုတ်လ ၁၈ ရက်နေ့မှာ ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂ ) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၈၂ ရက်မြောက်နေ့ အစည်းအဝေး ကျင်းပနေပါတယ်။

အစီအစဉ် ပထမပိုင်းမှာ ကျောင်းကုန်းပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းမှ အရေးကြီး အဆို တင်သွင်းခဲ့ပါတယ်။ သူ့အဆိုကတော့ နိုင်ငံနဲ့ အ၀ှမ်းမှာ ရေဘေးသင့်တဲ့ ပြည်သူတွေရဲ့ ဘ၀ ပြန်လည်ထူထောင်ရေး လုပ်နိုင်ဖို့ ပြည်သူ့လွှတ်တော် ရပ်ဆိုင်းပေးဖို့ ဖြစ်ပါတယ်။

ဒီအဆိုကို မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဝင်းက ထောက်ခံ ခဲ့ပါတယ်။

လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း ကတော့ ဒီအဆိုကို ကြိုဆိုပြီး သဘာဝဘေးဒဏ်ဖြစ်နေတာကို သိရှိပြီးဖြစ်ပါကြောင်းနဲ့ ရေဘေးဖြစ်တဲ့ ဒေသတွေက ကိုယ်စားလှယ်တွေအနေနဲ့ ခွင့်ယူနိုင်ပါကြောင်းနဲ့ နိုင်ငံအတွက် အရေးကြီးတဲ့ ဥပဒေတွေကို အမြန်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

BBC Burmese
Previous
Next Post »

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.