ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မြို့လယ်က ဟိန္ဒူနတ်ကွန်းမှာ သြဂုတ် ၁၇ ရက်နေ့ ညနေခင်း ယာဉ်အသွားအလာ ကျပ်တဲ့အချိန် မော်တော်ဆိုင်ကယ်မှာ ထောင်ထားတဲ့ ဗုံးတလုံး ပေါက်ကွဲခဲ့လို့ သေဆုံးသူ ၂၀ ကျော်ရှိသွားပြီလို့ ရဲနဲ့ ကယ်ဆယ်ရေး လုပ်သားတွေက ပြောပါတယ်။
လူ အယောက် ၈၀ လောက် ဒဏ်ရာရပြီး အများစုက အာရှသား ခရီးသည်တွေ ဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းဌာနက အစီရင်ခံထားပါတယ်။
မြန်မာနိုင်ငံသားတွေကြား လေးမျက်နှာနတ်မင်းကြီးလို့ သိကြတဲ့ ဧရာဝဏ် နတ်ကွန်းနားက ပေါက်ကွဲမှုဟာ ဘန်ကောက်ရဲ့ အဓိက လမ်းဆုံလမ်းခွမှာ ဖြစ်ခဲ့တာလို့ ရဲက ပြောပါတယ်။
ဒဏ်ရာရသူတွေကို ရဲအထွေထွေဆေးရုံနဲ့ ချူလာလောင်ကွန်ဆေးရုံကို တင်ပို့ထားပြီး ဆေးရုံ ၂ ရုံလုံးက သွေးလှူကြဖို့ တောင်းဆိုထားပါတယ်။
ခုလောလောဆယ် ပြောနိုင်သမျှ အားလုံးက မော်တော်ဆိုင်ကယ်တစီး ပါဝင်ပတ်သက်တဲ့ ဘန်ကောက်မြို့လယ်ပေါက်ကွဲမှုပဲလို့ ဒု-ရဲချုပ်က ပြောပြီး အသေးစိတ်ကို အတည်မပြုနိုင်သေးဘူးလို့လည်း ဆိုပါတယ်။
မော်တော်ဆိုင်ကယ် ပေါက်ကွဲမှုကြောင့် အနားက အငှားယာဉ် ၂ စီးပါ ဆင့်ကဲ ပေါက်ကွဲခဲ့တာပါ။ ပေါက်ကွဲမှုက အချင်း မီတာ ၄၀ ရှိခဲ့ပြီး အနားက တခြား မော်တော်ဆိုင်ကယ်တချို့နဲ့ ကားတချို့လည်း မီးလောင်ခဲ့ပါတယ်။
အခင်းဖြစ်ရာနေရာက မျက်မြင်သက်သေကတော့ ပေါက်ကွဲတဲ့ နေရာနားမှာ ကိုယ်ခန္ဓာ အပိုင်းအစတွေ ပြန့်ကျဲနေတာ မြင်ရတယ်လို့ ပြောပါတယ်။
စစ်တပ်၊ ရဲချုပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ အခင်းဖြစ်ရာကို ရောက်လာပြီး မိုးပျံရထားလမ်း ဒေါက်တိုင်မှာ ထောင်ထားတဲ့ ဗုံး ၂ လုံးကို ဘေးကင်းကင်း ဖြုတ်သိမ်းနိုင်ခဲ့ပါတယ်။
DVB
Sign up here with your email
ConversionConversion EmoticonEmoticon