တက်စကို ဈေးဝယ်ဆင်တာတွင် ရန်ဖြစ်နေသည့် ရုပ်သံဖိုင် အွန်လိုင်းပေါ် ပျံ့နှံ့


ဗြိတိန် လန်ဒန်က ဈေးဝယ်ဆင်တာ တက်စကို လိုတပ်စ်မှာ ရန်ဖြစ်နေတဲ့ ရုပ်သံဟာ အွန်လိုင်းမှာ ပျံ့နှံ့နေပါတယ်။

ရန်ဖြစ်နေတဲ့ ရုပ်သံမှာ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦး ပါဝင်နေပါတယ်။ တယောက်နဲ့ တယောက် အပြန်အလှန်ထိုးကြိတ်ခဲ့သလို တက်စကိုက လုံခြုံရေး ၀န်ထမ်းတွေက အခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းဖို့ ကြိုးစားခဲ့ပေမယ့် အခြေအနေကို မထိန်းနိုင်သလို အမျိုးသမီးလည်း အထိုးခံရပါတယ်။

ရန်ဖြစ်ရာမှာ ထီးကို လက်နက်လို အသုံးပြုခဲ့သလို နောက်ဆုံးမှာတော့ ရန်ဖြစ်တဲ့သူတွေက ဖိနပ်တောင် မနိုင်တော့ဘူးလို့ မျက်မြင်သက်သေက ပြောပါတယ်။ အမျိုးသားတဦးက အမျိုးသမီးမျက်နှာကို ပုလင်းနဲ့ ရိုက်နှက်ခဲ့တယ်လို့ ဆိုပါတယ်။

ဇူလိုင် ၂၆ ရက်နေ့ မနက် ၁ နာရီလောက်မှာ ဖြစ်ပွားခဲ့တာလို့ ရဲတပ်ဖွဲ့က အတည်ပြုသလို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး တဦးတယောက်မှ ဖမ်းဆီးခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။

DVB
Previous
Next Post »
Powered by Blogger.