ဓာတ်ပုံ - Min Burma |
ချင်းတွင်းမြစ်ရေဟာ ကလေးဝမြို့မှာ စိုးရိမ်ရေမှတ်အောက် ၁ ပေခွဲလောက်မှာ ရောက်နေပြီး နောက် ၂၄ နာရီ အတွင်း ကလေးမြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်ပါတယ်။
မုံရွာမြို့မှာတော့ စိုးရိမ် ရေမှတ်အောက် ၁ ပေခွဲလောက်မှာ ရောက်နေပြီး နောက် ၂ ရက် လောက် အတွင်း မုံရွာမြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဧရာဝတီမြစ်ရေကလည်း ဟင်္သာတမြို့ရဲ့ စိုးရိမ် ရေမှတ်အောက် ၁ ပေခွဲလောက်မှာ ရောက်နေပြီး နောက် ၂ ရက်လောက်အတွင်း ဟင်္သာတမြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်ပါတယ်။
ဇလွန်မြို့မှာတော့ စိုးရိမ် ရေမှတ်အောက် ၃ ပေလောက်မှာ ရောက်နေပြီး နောက် ၃ ရက်လောက်မှာ ဇလွန်မြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိလာနိုင်ပါတယ်။
စစ်တောင်းမြစ်ရေကလည်း တောင်ငူမြို့ရဲ့ စိုးရိမ် ရေမှတ်အောက် ၂ ပေခွဲလောက်မှာ ရောက်နေပြီး နောက် ၂ ရက်လောက်အတွင်း တောင်ငူမြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန် သတိပေးလိုက်ပါတယ်။
ပိုင်စိုး - DVB
Sign up here with your email
ConversionConversion EmoticonEmoticon