ပန်းခြံအတွင်း ဘီကီနီဖြင့် နေဆာလှုံသည့်အမျိုးသမီးကို အမျိုးသမီးဂိုဏ်းက ၀ိုင်းရိုက်

ဓာတ်ပုံ - mirror.co.uk
ပြင်သစ်နိုင်ငံ ရိုင်းမြို့က လီယိုလာကရော့စ်ပန်းခြံထဲမှာ ဘီကီနီဝတ်ပြီး နေဆာလှုံနေတဲ့ အမျိုးသမီးကို အမျိုးသမီး ဂိုဏ်းက ၀ိုင်းရိုက်ခဲ့ပါတယ်။

ဒီလို ၀ိုင်းရိုက်တာကို ဆန့်ကျင်တဲ့အနေနဲ့ ထောင်ချီတဲ့ အမျိုးသမီးတွေက လူအများစုဝေးရာ နေရာမှာ ဘီကီနီ ၀တ်စုံနဲ့ ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက် မီဒီယာမှာ တင်နေတယ်လို့ ဗြိတိန် ကြေးမုံသတင်းစာက ဆိုပါတယ်။

ဇူလိုင် ၂၂ ရက်မှာ အသက် ၂၁ နှစ် အိန်ဂျယ်လိစ် ဆလော့က သူငယ်ချင်း ၂ ဦးနဲ့ ပန်းခြံအတွင်း နေပူဆာလှုံနေစဉ်မှာ အမျိုးသမီးဂိုဏ်းက ၀င်ရိုက်ခဲ့တာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ကတော့ ဒီတိုက်ခိုက်မှုဟာ ပြိုင်ဖက်ဂိုဏ်းတွေက အမျိုးသမီးတွေကို တိုက်ခိုက်တာ ဖြစ်ပြီး တိုက်ခိုက်မှုနောက်ကွယ်မှာ ဘာသာရေးနဲ့ ဆက်နွယ်မှုရှိတယ်ဆိုတဲ့ သတင်းကို ငြင်းပယ်ပါတယ်။

ဆလော့က အကျီဝတ်ဖို့လာပြောတဲ့ တခြားအမျိုးသမီးတဦးနဲ့ အငြင်းအခုံဖြစ်ပွားခဲ့တယ်လို့ ရဲက ဆိုပါတယ်။
ဒီတိုက်ခိုက်မှုအတွက် အမျိုးသမီး ၅ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ လက်ရှိမှာတော့ အာမခံနဲ့ လွတ်ထားပြီး စက်တင်ဘာမှာ အကြမ်းဖက်မှုကျူးလွန်မှု စွဲချက်နဲ့ တရားရုံးမှာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

တိုက်ခိုက်မှုကြောင့် ဆလော့က ဒဏ်ရာရသွားသလို နောက်နေ့မှာ အလုပ်လုပ်နိုင်ခဲ့ခြင်း မရှိဘူးလို့ဆိုပါတယ်။

DVB
Previous
Next Post »
Powered by Blogger.