အာရှအလယ်ပိုင်း ကာဇတ်စတန်မှာ ရှားပါးသမင်တွေ ၂ ပတ်အတွင်း အစုလိုက်အပြုံလိုက် သေနေကြပါတယ်။
ဘာကြောင့် ဒီလိုသေနေရတယ်ဆိုတာ အဖြေပေးဖို့ သိပံ္ပပညာရှင်တွေ လုံးပမ်းနေကြပြီး Saiga antelopes လို့ခေါ်တဲ့ ဒီသမင်မျိုးနွယ်စုရဲ့ ရှေ့အနာဂတ်အတွက် သားရိုင်းတိရိစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်သူများက စိုးရိမ်နေကြပါတယ်။
သေဆုံးသမင်တွေ ၁ သိန်း ၂ သောင်းလောက်ရှိတာမို့ ကမ္ဘာပေါ်ရှိတဲ့ ဒီသမင်မျိုးနွယ်စု စုစုပေါင်းရဲ့ ၃ ပုံ ၁ ပုံ ဖြစ်ပါတယ်။
ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင် အစီအစဉ်က အခုသေဆုံးမှုကို "မဟာ ဆုံးရှုံးမှု" လို့ ခေါ်ဆိုလိုက်ပါတယ်။ ကနဦး စစ်ဆေးချက်တွေအရ ဘက်တီးရီးယားကတဆင့် ဖြစ်ပွားတဲ့ ရောဂါပိုး ကူးစက်ပြန့်ပွားတာလို့ ယေဘုယျအားဖြင့် သိရပါတယ်။
ဧရာဝတီ
Sign up here with your email
ConversionConversion EmoticonEmoticon