|
မြန်မာကိုယ်စားလှယ် ဦးထင်လင်းမှ ဆွေးနွေးနေစဉ်(ဓာတ်ပုံ- ဘန်ကောက်ပိုစ်) |
လှေစီးပြေးများ ရှာဖွေကယ်တင်ရန်နှင့် လူကုန်ကူးမှု တိုက်ဖျက်ရေးကို ဦးစားပေးလုပ်ဆောင်ရန် မနေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည့် လှေစီးဒုက္ခသည်များအရေးဆွေးနွေးပွဲက ဆုံးဖြတ်လိုက်သည်။ မနေ့က အစည်းအဝေးကို နိုင်ငံပေါင်း ၁၇နိုင်ငံနဲ့ နိုင်ငံတကာအဖွဲ့ အစည်းတွေ လည်း တက်ရောက်ခဲ့ သလို မြန်မာနိုင်ငံက ကိုယ်စားလှယ် နိုင်ငံခြားရေး ၀န်ကြီးဌာနက ညွန်ကြားရေးမှူးချုပ် ဦးထင်လင်းလည်း တက်ရောက် ခဲ့ပါတယ်၊ သူကတော့ ဒီပြဿနာဟာ လူကုန်ကူးမှုဖြစ်တဲ့အတွက် မြန်မာ ကိုချည်းအပြစ်တင်တာကို လက်မခံနိုင်ဘူးလို့ ပြောပါတယ်၊ ကုလသမဂ္ဂ ဒုက္ခသည်များ အရေးဆိုင်ရာ လက်ထောက် မင်းကြီး က ပြဿ နာရဲ့ အခြေခံကိုရှင်းရန် လိုကြောင်းနဲ့ သက်ဆိုင်ရာနိုင်ငံတွေကလည်း တာဝန်ယူဖို့ပြောပါတယ်။
ဧရာဝတီ
Sign up here with your email
ConversionConversion EmoticonEmoticon