စစ်ကိုင်းပြတ်ရွေ့ကြောအား ငလျင်တိုင်းတာစက် လေးလုံး ထပ်မံတပ်ဆင် စောင့်ကြည့်လျက်ရှိ


ရန်ကုန်၊ စစ်ကိုင်းပြတ်ရွေ့ကြောအား ငလျင်တိုင်းတာစက် လေးလုံး ထပ်မံ တပ်ဆင် စောင့်ကြည့်လျက်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ယခင်က စစ်ကိုင်းပြတ်ရွေ့ကြော အား ငလျင်တိုင်းတာစက် လေးလုံး နှင့် စောင့်ကြည့်ခဲ့ခြင်းဖြစ်ပြီး ယခုအ ခါ ထပ်မံတပ်ဆင်လိုက်ခြင်းကြောင့် ငလျင်တိုင်းတာစက်မှာ ရှစ်လုံးခန့်ရှိ ကြောင်း သိရသည်။

''တိုင်းတာစက်တွေကို စစ်ကိုင်း ပြတ်ရွေ့ကြောတစ်လျှောက် ကန့်လန့် ဖြတ်ချထားပြီး စောင့်ကြည့်လေ့လာ မှုတွေ လုပ်ဆောင်မှာပါ''ဟု မိုးလေ ဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။

ယင်းအပြင် ငလျင်တိုင်းတာစက် များအား ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် အတွင်း ထပ်မံဝယ်ယူသွားမည် ဖြစ် ကြောင်း သိရသည်။

''ငလျင်လှုပ်ခတ်သွားရင် ဘယ် နေရာမှာ၊ ဘယ်ပမာဏ၊ ဘယ်နှုန်းနဲ့ လှုပ်ခတ်သွားတယ်ဆိုတာ သိရှိနိုင်ဖို့ ပါ။ ဘယ် ငလျင်တိုင်းတာစက်မဆို ငလျင်လှုပ်ခတ်မှာကို ကြိုပြီး မသိနိုင် ပါဘူး''ဟု ယင်းက ဆက်ပြောသည်။

အချို့သာ ငလျင်တိုင်းတာ စက် များသည် ငလျင်လှုပ်ရန် စက္ကန့်ပိုင်းခန့် ကြိုတင်သိရှိနိုင်ကြောင်း သိရသည်။


''စက္ကန့်ပိုင်းလောက် ကြိုသိရလဲ တန်ဖိုးရှိပါတယ်။ ဓာတ်ငွေ့လိုင်းတွေ ကဲ့သို့ အန္တရာယ်ရှိတာတွေကို ပိတ်ဖို့ ရပ်တန့်ဖို့ အချိန်ရပါတယ်''ဟု ယင်း က ဆက်ပြောသည်။

ယင်းစစ်ကိုင်းပြတ်ရွေ့ကြော သည် ငလျင်ကြီးများ အများဆုံးလှုပ် ခတ်သည့် ပြတ်ရွေ့ကြောဖြစ်ကြောင်း သိရသည်။ တိုင်းတာစက်မှရရှိသည့် အချက်အလက်များအား စင်ကာပူ နိုင်ငံ အပါအဝင် အခြားနိုင်ငံများရှိ တက္ကသိုလ်များသို့ ပေးပို့ကာ လေ့လာ လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ပြတ်ရွေ့ကြောများ ၏အခြေအနေအား ဂျပန်နိုင်ငံ၏ အ ကူအညီဖြင့် စောင့်ကြည့်လေ့လာမှု များ ပြုလုပ်လျက်ရှိကြောင်း မြန်မာ နိုင်ငံ ငလျင်ကော်မတီအတွင်းရေးမှူး ဦးစိုးသူရထွန်းက ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ ငလျင် ဘေးအန္တရာယ် ခံစားနိုင်မှုများကို စစ် ကိုင်း၊ တောင်ငူ၊ မန္တလေး အစရှိသည့် မြို့များ၌ သုတေသနများ ပြုလုပ်ထား ကြောင်း သိရသည်။

အာကာထက် - Yangon Media Group
Previous
Next Post »
Powered by Blogger.