ဦးကိုကိုကြီးအား တောင်ဥက္ကလာရဲစခန်းမှ ခေါ်ယူစစ်ဆေး


စည်းမှ ခေါင်း ဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးအား ပြီး ခဲ့သည့် ဒီဇင်ဘာလက ပြုလုပ်ခဲ့သော ဆန္ဒ ပြပွဲနှင့်ပတ်သက်ပြီး မေ ၂၂ ရက်က ခေါ် ယူမေးမြန်းခဲ့သည်။
တောင်ဥက္ကလာပမြို့နယ် သစ္စာ လမ်းနှင့် ဝေဇယန္တာလမ်းထောင့်ရှိ ပန်းခြံ နှင့် အားကစားကွင်းနေရာတွင် တိုက်ခန်း နှင့် ကွန်ဒိုအဆောက်အုံများ ဆောက်လုပ် နေခဲ့မှုအပေါ် ဒေသခံပြည်သူများမှ ကန့် ကွက်ဆန္ဒပြခဲ့ရာတွင် ဦးကိုကိုကြီးမှ ဦး ဆောင် ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး တောင်ဥက္ကလာ ရဲစခန်းမှ စစ်ဆေးမေးမြန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ဆေးမေးမြန်းမှုအပြီးတွင် ဦးကိုကိုကြီးမှာ စခန်းမှ ပြန်လည်ထွက်ခွာ ခွင့်ရခဲ့ပြီး အမှုအား ဆက်လက်ဖွင့်သင့် မဖွင့် သင့်ကို အထက်မှ တာဝန်ရှိသူများထံ တင်ပြ ပြီးမှသာ ဆက်လက် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း တောင်ဥက္ကလာမြို့နယ် ရဲတပ် ဖွဲ့မှ ရဲမှူးမျိုးအောင်က ပြောသည်။

''တို့လဲ ခန့်မှန်းရခက်တယ်။ အ ထက်က မြန်မြန်ချပေးရင်တော့ မြန်မြန်အ ရေးယူ ဆောင်ရွက်နိုင်လိမ့်မယ်။ သဘော က အရေးယူဖို့ မလိုရင်လဲ လုပ်ထုံးလုပ်နည်း နဲ့အညီ ဘာမှ လုပ်မှာမဟုတ်ပါဘူး''ဟု အ ဆိုပါရဲမှူးက ပြောသည်။

ဦးကိုကိုကြီးအား တောင်ဥက္ကလာ ရဲစခန်းမှ အကြောင်းကြားသော အကြောင်း ကြားစာတွင် ပုဒ်မ ၁၉ အရ စစ်ဆေးမေး မြန်းရန် ရှိပါသဖြင့် လာရောက်ဖြေရှင်းရန် အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း ကာယ ကံရှင်ဖြစ်သူက ပြောသည်။

''အရင်ကတည်းက ဖြစ်တာကို အခုမှ ခေါ်တဲ့အတွက် ဖမ်းရင်လဲ အာမခံ ယူမှာ မဟုတ်ဘူး''ဟု ဦးကိုကိုကြီးကပြော သည်။

လေ့လာသူအချို့ကလည်း ရွေး ကောက်ပွဲဝင်ရန် အစီအစဉ်ရှိသည်ဟု ၈၈ နှင့်နီးစပ်သူများက ပြောဆိုမှုများ ရှိလာခဲ့ ပြီးနောက်ပိုင်း ယင်းသို့ ယခင် ကာလအတန် ကြာက ဖြစ်ပွားခဲ့သည့် အမှုတွဲများကို ပြန် လည်စစ်ဆေးမှုများ ပြုလုပ်လာခြင်းအပေါ် မေးခွန်းထုတ်မှုများ ရှိနေသည်။

ဦးကိုကိုကြီးနှင့် တောင်ဥက္ကလာ ဒေသခံများ ကန့်ကွက်ခဲ့သည့် ယင်းကစား ကွင်းမှာ ယခုအခါ အဆောက်အအုံများအ ဖြစ်ရှိနေပြီ ဖြစ်ကြောင်းလည်း သိရသည်။

''၁၉၈၈ ခုနစ် စစ်တပ်က အာ ဏာသိမ်းတဲ့အချိန်မှာလဲ သိမ်းတဲ့ အစိုးရ က ဒန်းတွေ၊ လျှောတွေ၊ ပန်းခြံတွေနဲ့ ကစား ကွင်းကို လုပ်ထားခဲ့တယ်။ ကျွန်တော် ထောင် ကျပြီး ပြန်ထွက်လာတော့မှ ဒီနေရာက ကြံ့ ခိုင်ရေးအပိုင်ဖြစ်သွားပြီ။ ဒါကို ကွန်ဒိုဆောက် ဖို့ လုပ်နေတယ်။ ဒေသခံတွေက ကန့်ကွက် ဖို့လုပ်နေတယ်ဆိုတော့ ကျွန်တော့်အနေနဲ့ ဒေသခံ မြို့သားတစ်ယောက်အနေနဲ့ ဦး ဆောင် ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။ အား လုံးရဲ့ရည်ရွယ်ချက်က ဒီကစားကွင်းကို ပုံ မှန်အတိုင်း ပြန်ဖြစ်စေချင်ခဲ့တာပါ''ဟု ဦးကို ကိုကြီးက ပြောသည်။

စိုင်းထွန်းအောင်လွင် - Yangon Media Group
Previous
Next Post »
Powered by Blogger.