ညနေပိုင်း ရာသီဥတုကလည်း ကောင်းနေတာနဲ့အင်းလျားကန်ဖက် လမ်းလျှောက်ထွက်ခဲ့တယ်။
ကန်ဘောင်ပေါ်မှာရော ဆိုင်ထဲ့မှာရော လူကြီး လူငယ် ကလေး စည်ကားလို့ ကန်ဘောင် တကြောလျှောက်လာရင် အကြော်စားချင်လာတာနဲ့ အကြော်ဆိုင်တစ်ခု လွတ်နေတဲ့ ရေကန်စပ်နား ထောင့်ကျကျ စားပွဲမှာ ထိုင်ပြီးအကြော်စုံ တစ်ပွဲနဲ့ လက်ဖက်ရည် ပေါ့စိမ့် တစ်ခွက် မှာလိုက်တယ်။
ဟိုဖက်စားပွဲမှာ မိသားစုတစ်ခု ဟိုးဖက်စားပွဲမှာ လူငယ်တစ်စု သူတို့ အာရုံနဲ့ သူတို့ စကားဖေါင်ဖွဲ့နေကြတယ်နောက် စားပွဲတစ်ခုမှာ ၈ နှစ်အရွယ် ကလေးမ တစ်ယောက်နဲ့ ၁၃ နှစ်အရွယ်ခန့် ကောင်လေး တစ်ယောက် ထိုင်ပြီး ဟိုကြည့်ဒီကြည့် သူတို့ နဲ့ အတူလာတဲ့ လူကြီး တစ်ယောက်ယောက် ကို စောင့်နေပုံရတယ်
ရေထဲမှာ ဟိုဒီ ကူးခတ်နေတဲ့ ငါး သေးသေးလေးတွေ မြင်နေရတယ်။
ကြည်နူးဖို့ ကောင်းလိုက်တာ
လာချပေးတဲ့ အကြော် တစ်ဖတ်နဲ့ လက်ဖက်ရည်တစ်ငုံ သောက်လိုက်တယ်
မသောက်ရတာ ကြာပြီဆိုတော့ အရသာရှိလိုက်တာ
သီချင်းသံ အေးအေးလေး နားထောင်ရင်း
Viber message ၀င်လာတာနဲ့ ဖုန်းကို ထုတ်ပြီး ကြည့်လိုက်တယ်
လိပ်စာတစ်ခုတောင်းတာ ...
ဗိုက်ဆံအိတ်ကို ထုတ်ပြီး အထဲက လိပ်စာကဒ်ကနေ လိပ်စာ ကူးရေးပေးလိုက်တယ်
ဗိုက်ဆံအိတ်ကို စလင်းဘက်ထဲ ပြန်ထည့်ပြီး chatting ဆက်လုပ်နေတုန်း
ဟိုဖက် စားပွဲက ၈ နှစ် အရွယ် ကလေးမလေး အနားကို ရောက်လာတယ်
"မမ သမီးကို ဓါတ်ပုံတစ်ပုံရိုက်ပေးပါလား"
ဆိုပြီး သူ့ Digital camera သေးသေးလေး ကမ်းပေးတယ်
အင်း ငွေနဲနဲပါးပါးရှိတဲ့ အသိုင်းအ၀ိုင်းကဖြစ်မယ်
ကျွန်မ ဖုန်းနဲ့ စလင်းဘက်ကို စားပွဲပေါ် လွတ်နေတဲ့ နေရာမှာ တင်ပြီး
သူ့ ကင်မရာကို လှမ်းယူလိုက်တယ်
"ရေကန်ဖက် ရှုခင်းနော် မမ" ဆိုပြီး
သူက ရေစပ်နားသွားပြီး post ပေးတယ်
post တော်တော်ပေးတတ်တယ်
အခုခေတ် ကလေးတွေ မလွယ် ဘူး .
ကျွန်မ တစ်ချက် ပြုံးလိုက်မိတယ်
၃-၄ ပုံလောက် ရိုက် ပြီးတော့
"ကျေးဇူးပဲနော် မမ" ဆိုပြီး သူ့ ကင်မရာပြန်ယူပြီး ပြေးထွက် သွားတယ်
သူနဲ့ အတူ ထိုင်နေတဲ့ ကောင်လေးလည်းမတွေ့တော့ ဘူး
ကြည့်ရတာ သူတို့ စောင့်နေတဲ့ လူကြီးတစ်ယောက်ယောက် တွေ့သွားပြီထင်တယ်
ကျွန်မ စားပွဲကို ပြန်လာပြီး ကျန်တဲ့လက်ဖက်ရည် သောက် ပြီး
ချထားတဲ့ ဖုန်းပြန်ကောက်ယူပြီး ချတ်တင် ဆက်လုပ်တယ်
တအောင့်လောက် နေပြီး ပြန်မယ် ဆိုပြီး ငွေရှင်းဖို့လုပ်တော့
စလင်းဘက်ထဲမှာ ဗိုက်ဆံအိတ် မတွေ့တော့ဘူး
ဟောတော့
ခုနက ဖုန်း ထုတ်ယူတုန်းက ဗိုက်ဆံအိတ် ရှိနေပါသေးတယ်
ဘယ်ရောက်သွားပါလိမ့်
ဓါတ်ပုံလာရိုက်ခိုင်းတဲ့ ကလေးမလေး
အိုး
သူလေးက ကျွန်မကို အာရုံပြောင်းလိုက်ပြီး အနောက်ကနေ သူနဲ့ အတူပါလာတဲ့ ကောင်လေးက ဗိုက်ဆံအိတ် နှိုက်ယူသွားတာ
.....
ဘုရားဘုရား
ကလေးတွေ အဲလိုတောင် အုပ်စုဖွဲ့ လုပ်တတ်နေပြီလား
ဒီ အကျင့် စာရိတ္တတွေ ဘယ်ကရလာကြတာလဲ
မိဘတွေ မသွန်သင်ဘူးလား
ဗမာပြည်မှာ ဒီ လိုကလေးတွေ ဘယ်လောက် တောင် များနေပြီလဲ
ဘာကြောင့် သူတို့ အရွယ်လေးနဲ့ ဒီလိုလုပ်နေကြတာလဲ
...
ကလေးဆိုတာ တိုင်းပြည်ရဲ့ အနာဂါတ်ပါ
Te Te Lay
Sign up here with your email
ConversionConversion EmoticonEmoticon