ကမ္ဘာကျော် အမေရိကန် ပေါ့ပ် အဆိုတော တေလာဆွစ်ဖ်ဟာ Forbes မဂ္ဂဇင်းက ဖော်ပြတဲ့ ကမ္ဘာ့ သြဇာ အကြီးဆုံး အမျိုးသမီး ၁၀၀ များ စာရင်းထဲကို ပထမဆုံး အကြိမ်ပါဝင်လာပါတယ်။
အဆင့်အားဖြင့်ကတော့ ၆၄မှာ ဖြစ်ပါတယ်။ အဆိုတော် ဘီယွန်ဆေးကတော့ ၂၁မှာ ဖြစ်ပါတယ်။ ၁ကနေ ၁၅ ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
1. Angela Merkel, German Chancellor
2. Hillary Clinton, US presidential candidate
3. Melinda Gates, co-chair of the Bill and Melinda Gates Foundation
4. Janet Yellen, US Federal Reserve Bank chair
5. Mary Barra, CEO, General Motors
6. Christine Lagarde, MD of International Monetary Fund
7. Dilma Rousseff, President of Brazil
8. Sheryl Sandberg, COO, Facebook
9. Susan Wojcicki, CEO, YouTube
10. Michelle Obama, US First Lady
11. Park Geun-hye, President of South Korea
12. Oprah Winfrey, media mogul
13. Virginia Rometty CEO, IBM
14. Meg Whitman, CEO, HP
15. Indra Nooyi CEO, PepsiCo
တေလာဆွစ်ဖ်ဟာ ယခုနှစ်မှာ ဆုများစွာ ရရှိပြီး စီးပွားရေး လုပ်ငန်းမှာလည်း အောင်မြင်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့စံချိန်တင် ရောင်းချ အယ်လ်ဘမ် နဲ့ သီချင်းကောင်းများလည်း ရှိနေပါတယ်။ သူမကို ယမန်နှစ်ကတည်းက ပါဝင်လာမယ့်လို့ ခန့်မှန်းခဲ့ကြပြီး ယခုနှစ်မှာ ကြိမ်းသေ ပါဝင်လာ ပါတယ်။ နံပါတ်တစ် နေရာမှာ ဂျာမနီ ဝန်ကြီးချုပ် Angela Merkel ပါဝင်ပြီး ဟီလာရီ ကလင်တန်က ဒုတိယ နေရာမှာ ဖြစ်ပါတယ်။ ဂျာမနီ ဝန်ကြီးချုပ်က ငါးနှစ်တိုင်တိုင် နံပါတ် ၁ သြဇာအရှိဆုံး အမျိုးသမီးနေရာမှာ ယူထားခြင်းပါ။ အိုဘားမားရဲ့ ဇနီး ဖြစ်သူ Michelle Obama လည်း နံပါတ် ၁၀ မှာ ပါဝင်ပါတယ်။
တေလာဆွစ်ဖ်ကတော့ ကမ္ဘာ့အသက်အငယ်ဆုံး သြဇာအာဏာအရှိဆုံး အမျိုးသမီး ၁၀၀ စာရင်းထဲမှာ ပထမဆုံး ပါဝင်လာခြင်းပဲ ဖြစ်ပါတယ်။
ရိုးရာလေး
Sign up here with your email
ConversionConversion EmoticonEmoticon