လားရှိုးမြို့တွင် အသက် (၁၇) နှစ်အရွယ် အမျိုးသမီးတစ်ဦး သည် ကလေးကို ကိုယ်တိုင်မွေး ဖွားပြီးနောက် ၀မ်းဗိုက်ဖောက် သတ်ကာ အမှိုက်ပုံးအတွင်းသို့ စွန့်ပစ်ခဲ့သဖြင့် ရဲတပ်ဖွဲ့က လူသတ်မှု၊ ကလေးစွန့်ပစ်မှုတို့ဖြင့် ဖမ်းဆီး အရေးယူထားကြောင်း သတင်း ရရှိသည်။
မေလ ၂၅ ရက်က လားရှိုး မြို့ ၁၂ ရပ်ကွက်ရှိ တရုတ်စာသင် တန်းကျောင်း ဘော်ဒါဆောင်တစ် ခုတွင် နေထိုင်သော အသက် (၁၇) နှစ်အရွယ် မအားလိန်သည် ခုနစ်လအရွယ်ရှိ ၎င်းကိုယ်ဝန်အား အဆောင်၏ အိမ်သာထဲတွင် ကိုယ်တိုင်မွေးဖွားခဲ့သည်။ ထို့နောက် မအားလိန်သည် မွေးကင်းစကလေး၏ ၀မ်းဗိုက်အား ဘလိတ်ဓားဖြင့် ဖောက်ပြီး အူများဆွဲထုတ်ကာ ကလေးအား အိမ်သာအတွင်းရှိ ရေကန်တွင်နှစ်၍ အဆောင်နောက်ဘေးရှိ အမှိုက်ပုံးအတွင်း စွန့်ပစ်ခဲ့ကြောင်းလားရှိုးမြို့ အမှတ် (၂) ရဲတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။
အမှိုက်ပုံးအတွင်း စွန့်ပစ်ခံရ သော ကလေးငယ်မှာ သေဆုံးခြင်းမရှိသေးဘဲ အော်ဟစ်ငိုသော ကြောင့် အဆောင်ပိုင်ရှင်၏ က လေးငယ်များက ကလေးအော်သံ ကြား၍ သွားကြည့်ရာမှ စွန့်ပစ်ခံ ထားရကြောင်း တွေ့ရှိခြင်း ဖြစ် သည်။ အဆောင်ပိုင်ရှင်သည် ၎င်းအဆောင်အတွင်းနေထိုင်သော အမျိုးသမီးများအား စစ်ဆေးရာ မအားလိန်သည် ခုတင်ပေါ်တွင် အိပ်နေပြီး သွေးများပေကျံနေ သောကြောင့် မေးမြန်းရာမှ ၎င်း စွန့်ပစ်ထားသည့် ကလေးဖြစ် ကြောင်း သိရှိရခြင်း ဖြစ်သည်။
မအားလိန်နှင့် ကလေးငယ် ကို ဆေးရုံသို့ အမြန်ပို့ဆောင်၍ ဆေးကုသမှုပြုလုပ်သော်လည်း ကလေးငယ်သည် မေလ ၂၆ ရက် နံနက်တွင် သေဆုံးသွားကြောင်းလားရှိုးမြို့ အမှတ် (၂) ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
‘‘ကိုယ်ဝန်က ခုနစ်လရှိနေ တာကို အဆောင်ပိုင်ရှင် ဘာလို့ မသိတာလဲလို့ မေးတယ်။ အဲဒီ ကောင်မလေးက ၀၀လေး၊ သူ အ၀တ်အစားတွေ ၀တ်လိုက်ရင် လည်း ခပ်ပွပွတွေဝတ်တော့ မသိ သာဘူး ဖြစ်နေတယ်လို့ အဆောင် ပိုင်ရှင်က ပြောတယ်။ ကောင်မ လေးကို မေးကြည့်တော့လည်း ပြီး ခဲ့တဲ့ တရုတ်နှစ်ကူးမှာ သူ့ကောင်လေးနဲ့ ပျော်ပါးပြီး ရခဲ့တာလို့ ပြောတယ်။ သူ့ကောင်လေးကလည်း တာဝန်မယူချင်ဘူးလို့ ပြောတယ် တဲ့။ သူက ကိုးတန်းပြီးရင် ဆရာမ လည်း ဖြစ်နိုင်တယ်။ နိုင်ငံခြား လည်း သွားရနိုင်တယ်ဆိုပြီး သူ့ ကလေးကို လုပ်လိုက်တာလို့ ပြောတယ်’’ဟု ဆေးရုံတွင် ဆေးကုသ နေသော မအားလိန်အား သွား ရောက်တွေ့ဆုံခဲ့သည့် လားရှိုးမြို့နေ ဒေါ်မမက ပြောသည်။
မအားလိန်ကို လားရှိုးမြို့ အမှတ် (၂) ရဲတပ်ဖွဲ့က လူသတ်မှု ပုဒ်မ ၃၀၂၊ အုပ်ထိန်းသူက (၁၂) နှစ်အောက် ကလေးစွန့်ပစ်မှု ပုဒ်မ ၃၁၇ တို့ဖြင့် အမှုဖွင့်အရေးယူ ထားသည်။
မအားလိန်သည် တန့်ယန်း မြို့နယ် မိုင်းကောင်ရွာဇာတိဖြစ် ပြီး ကိုးကန့်တရုတ်လူမျိုးဖြစ် ကြောင်း လားရှိုးမြို့၊ အမှတ် (၂ )ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
‘‘ကောင်မလေးက တရုတ် စာရှစ်တန်းကျောင်းသူလေးပါ။ ကိုးတန်းပြီးရင် ကျောင်းဆရာမ လုပ်ချင်နေတာ။ ဒီကလေးရှိနေ ရင် မဖြစ်နိုင်ဘူးဆိုပြီး လုပ်လိုက် တာလို့ ပြောတယ်။ သူ့ကောင် လေးနဲ့ရခဲ့တာလို့ ပြောတယ်။ သူ့ ကောင်လေးကလည်း အခု တရုတ်ပြည်မှာရှိနေတယ်လို့ ပြောတယ်။ ဘာမှ နားမလည်ဘဲ ကိုယ်တိုင် ကလေးမွေးပြီး လုပ်လိုက်တာပေါ့’’ဟု ၎င်းက ပြောသည်။
မအားလိန်သည် တရုတ်စာ သင်ကျောင်းပိတ်၍ နေရပ်သို့ ပြန် သွားရာမှ ယခုနှစ် မတ်လ ၁ ရက် တွင် အဆောင်သို့ ပြန်ရောက်လာ ခြင်းဖြစ်သည်။
Sign up here with your email
ConversionConversion EmoticonEmoticon