မြန်မာနိုင်ငံရဲ့ လွှတ်တော်နာယက သူရ ဦးရွှေမန်းက အမေရိကန် ဒုနိုင်ငံခြားရေး ဝန်ကြီး Anthony Blinken နဲ့ တနင်္လာနေ့မှာ တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။
သူရဦးရွှေမန်းဟာ အမေရိကန်နိုင်ငံရဲ့ လွှတ်တော် ပြောခွင့်ရပုဂ္ဂိုလ် John Boehner ရဲ့ ဖိတ်ခေါ်ချက်အရ အမေရိကန်ကို ရောက်ရှိနေတာ ဖြစ်ပြီး ကွန်ဂရက်လွှတ်တော်က လွှတ်တော်အမတ်တွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။
အမေရိကန် ဒုနိုင်ငံခြားရေး ဝန်ကြီးနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအကြောင်း ဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။
မနက်ဖြန် သောကြာနေ့မှာတော့ Carnegie Endowment for International Peace မှာ မိန့်ခွန်းပြောကြားဖို့ ရှိတယ်လို့ သိရပါတယ်။
သူရဦးရွှေမန်းဟာ တရုတ်ခရီးစဉ်အပြီး အမေရိကန် နိုင်ငံကို ရောက်ရှိနေတာဖြစ်ပါတယ်။
ABC Radio Australia
Sign up here with your email
ConversionConversion EmoticonEmoticon