သင်္ကြန်ရက်မှာ ကျုပ်ညီလေးရှိတဲ့နေရာမြို့ စွန်နားက အလုပ်သမားအဆောင်ကို သွားလည်ခဲ့တယ်၊ မနက်
ပိုင်းထဲက အရက်တလုံးသောက်ထားတာလေ ..၊ ခုညီလေးဆီမှာ ငွေဝင်ဆွဲမယ် ထပ်သောက်ဖို့ ။
အခန်းကိုပိတ်ပြီး ဒီကောင် မနက်ထဲက ထွက်သွားတယ်ထင်တယ် ဖုန်းလည်းမကိုင်ဘူး၊ ကျုပ်အခန်းကိုဆက်တိုက် လက်နဲ့ ပုတ်ပြီးခေါ်နေတော့... ဘေးခန်းက မိန်းမလေးတယောက် ထွက်လာပြီး လက်ခါပြတယ် နောက်လက်ညိုးက အပြင်ဖက်ကိုထိုးပြတယ်၊ သူက ထိုင်းမိန်းခလေး တော့မဟုတ်ဘူးဗျ။
ဘောင်းဘီတိုနဲ့  အခန်းထဲမှာလည်း သူတယောက်ဘဲရှိပုံရတယ်၊ ဘေးခန်းတွေလဲ အားလုံး ပိတ်ထားတာကို၊ သူ့ ကိုကျုပ် စိုက်ကြည့်နေတာကို မျက်စောင်းထိုးပြီး မျက်နှာလွဲသွားတယ် ၊ ဟဲဟဲ ......အရိုင်းပန်းလေးပါလား......ဘာဘဲဖြစ်ဖြစ် ကောင်းမလေး ကို ဖေါဖေါလုပ်လိုက်ကြည့်မယ် ၊
သူမကစွာတယ်လေ.. အခန်းထဲဝင်ပြီးခဏထိုင်ဘို့  ဟာကို အတင်းတွန်းထုတ်တော့ သူလက် ကို ကျုပ်ဆွဲလိုက်တာပေါ့ ၊သူကိုလှဲ ချပြီးတော့ ..အပေါ်ကနေတက်ခွလိုက်ပြီး ပါးစပ်ကို လက်ဝါးတဖက် နဲ့ ပိတ် မျက်နှာကို လက်ဝါးနဲ့ ပြင်းပြင်းရိုက်ပလိုက်တယ်ဗျာ။
ခဏဘဲငြိမ်သွားတယ်.... ကျုပ်ကိုခြေထောက်နဲ့ ကန်ပြီး တခါ..တခါးပေါက်ကနေ နောက်ဖေးက ချုံတော တွေ ရှိတဲ့နေရာ ထွက်ပြေးပါရော။
ကျုပ်လည်း နောက်က ထပ်ချပ်မကွာ ပြေးလိုက်တာပေါ့၊မှီတော့ ဘာရလဲ ဆောင့်တွန်း ပလိုက်ပြီး သစ်ကိုင်းကျိုးနဲ့ သူ့  ခေါင်းကို တအားရိုက်တော့မှ ခွေသွားရော၊
ဝူး..မောလိုက်တာ အမူးတောင်ပြေသွားသလို၊ကောင်းမလေး ပါးစပ်ကသွေးစလေးတွေ ထွက်ပြီး တချက် မျက်လုံးပြူးကြည့်ရင်း ဇတ်ကြိုးကျိုး ကျသွားရောလား၊ စိတ်ရှိလက်၇ှိ အပန်ဖြေလိုက်တာပေါ့..ဘယ်လိုလဲ အရိုင်းပန်းမ.... ခုတော့လည်း မလှုပ်မ၇ှက်နဲ့ ။
ကိစ္စပြီးတော့ ကောင်မလေးနေတဲ့အခန်ုးကို သွားမွှလိုက်သေးတယ် ဘတ် ၂၀၀၀ကျော်တွေ့ တယ် ... ဒီညဆက်သောက်ဘို့ အဆင်ပြေသွားတာပေါ့။
ကျုပ်နေတဲ့အခန်းကိုပြန်ရောက်တော့ ည နှစ်နာရီ၊ လက်ဆွဲဘီယာလေးဗူးနဲ့ ထပ်ဖြေမယ်လေ၊ဘီယာသောက်ရင်း အိပ်ယာပေါ်လှဲလိုက်ပြီး မှေးကနဲ့  အိပ်သွားတယ် ၊အိမ်မက်ထဲမှာ ကျုပ် ခေါင်းရိုက်ပြီး ပျော်ပါးခဲ့တဲ့ ကောင်းမလေးက မျက်လုံးကြီးပြူးပြီး အပေါ်ကနေ တက်ခွထားတယ် နောက်...လည်ပင်းကိုညစ်တယ်တယ်ဗျာ..အသက်ရူမွန်းကျပ် လိုက်တာ ၊ မျက်လုံးဖွင့်ပြီး ထဖို့ လုပ်တော့မှ....
.အားးးးးးး ကျုပ်ကိုယ်ပေါ်မှာ တကယ့် အကောင် ကြီး တက်ခွနေတာ သိလိုက်တယ်၊ရုန်းလို့ လဲမရဗျာ- အော်ဘို့ ပါးစပ်ဟ လဲမရဘူး၊ ဇောချွေးတွေပြန်ပြီ .....ကုတင်ကို ခြေထောက်နဲ့  ဆောင့်ကန်ပီး နဘေးခန်းကလူတွေ ခေါ်အကူညီတောင်းတယ် အသံတွေကြားလို့ ဖြစ်မယ်... ဘေးခန်းက တခါးလာတွန်းပြီး ခေါ်ကြတော့မှ မဲမဲကောင်းကြီး ပျောက်သွားတယ်၊
သူတို့ က မင်းဘာလို့  ကိုယ့်လည်ပင်းကိုယ် ညစ်နေရတာလဲတဲ့.....။
အဲနေ့ ထဲကပါ..ကျုပ်နောက်ကို သူ တလျှောက်လုံးလိုက်နေတာ၊ ဘယ်မှပြေးမရခဲ့ပါဘူး၊ ညတိုင်း နေ့  တိုင်းပါ ..အလိုလို နေရင်း ကျုပ်လည်ပင်းအစ်လာတယ် - သူငယ်ချင်းနှစ်ယောက်နဲ့  အရက်သောက်နေတာကို ကျုပ်ဂုတ်ကိုတက်ခွထားတာ..ကျုပ်ခါးကြီးကုန်းသွားတာကို သူငယ်ချင်းနှစ်ယောက်က ဘေးကကြည့်လို့  နောက်နေတယ်မှတ်ပြီး ၀ိုင်းရီကြတယ်၊
သူတို့ က မင်းဘာလို့  ကိုယ့်လည်ပင်းကိုယ် ညစ်နေရတာလဲတဲ့.....။
အဲနေ့ ထဲကပါ..ကျုပ်နောက်ကို သူ တလျှောက်လုံးလိုက်နေတာ၊ ဘယ်မှပြေးမရခဲ့ပါဘူး၊ ညတိုင်း နေ့  တိုင်းပါ ..အလိုလို နေရင်း ကျုပ်လည်ပင်းအစ်လာတယ် - သူငယ်ချင်းနှစ်ယောက်နဲ့  အရက်သောက်နေတာကို ကျုပ်ဂုတ်ကိုတက်ခွထားတာ..ကျုပ်ခါးကြီးကုန်းသွားတာကို သူငယ်ချင်းနှစ်ယောက်က ဘေးကကြည့်လို့  နောက်နေတယ်မှတ်ပြီး ၀ိုင်းရီကြတယ်၊
နောက်ဆုံးဗျာ ကျုပ် နေ့ ခင်းလမ်းလျှောက်တာတောင် ခွေးနက်တကောင် ဘယ်ကရောက် လာမှန်းမသိ လိုက်ကိုက်တယ်ဗျာ၊ ခွေးမျက်လုံးကပျူးထွက်နေတာ ကြောက်စရာကြီးဗျာ...။
...ခုကျုပ် ရဲစခန်းမှာပါ၊ ကောင်မလေးကို မုဒိန်းကျင့် သတ်ခဲ့မှုနဲ့ အဖမ်း ခံရပါပြီ ၊ အချုပ်ခန်းထဲရောက်တဲ့ အထိ သူ နောက်ကလိုက်လာလို့  တညလုံးအော်နေရပါတယ် ။ ပါးစပ်မှာသွေးတွေနဲ့  မျက်လုံးပြူးပြီးကြည့်နေတယ် ရဲသားကြီးတို့မှ မမြင်ရတာ သူကျုပ်ဘေးမှာ.ဘယ်မှမသွားဘူး ..........ကျုပ်ကိုကယ်ကြပါအုံးဗျာ.......။
(ဧပြီလ ၁၄ရက်နေက ဘန်ကောက်မြို့  မင်ဘူရီ အရပ်မှ အလုပ်သမ မ၀င်ကြည် အား မုဒိန်းကျင့် သတ်ခဲ့သူ ထိုင်းလူမျိုး ၀ီရချိုင်း အသက်၂၄နှစ်အား လူသတ်သမားပေါ်စေရန် ၀ိညဉ်မှ နောက်မှ ခြောက့်လှန့် နေသ
ဖြင့်နောက်ဆုံး ရဲအဖမ်းခံရသည်အထိ ကြောင့်လန့် နေပုံ ဖြစ်ရပ်မှန်အား ထိုင်းသတင်းများတွင် ဖေါ်ပြထားသည်ကို ကိုကားရေးသားထားပါသည်)
မင်းဗမာ
မင်းဗမာ
Sign up here with your email
ConversionConversion EmoticonEmoticon