အိုင်အက်စ်အဖွဲ့၏ ထောက်ပို့ရေး လမ်းကြောင်းများကို အီရတ်စစ်တပ် ဖြတ်တောက်


အီရတ် အစိုးရတပ်ဖွဲ့ဟာ အယ်ဖာတာ ဆိုတဲ့ မြို့ငယ်လေးကို ပြန်သိမ်းပြီး အိုင်အက်စ်အဖွဲ့ရဲ့ ထောက်ပို့ လမ်းကြောင်းတွေကို ဖြတ်တောက်ထားလိုက်ပြီလို့ အီရတ်ကာကွယ်ရေး ၀န်ကြီးဌာနက သတင်းဗီဒီယို ထုတ်ပြန်ပါတယ်။

ကာကက်မြို့ အနောက်ဘက်က ဟာဝီဂျာမြို့မှာ အခြေစိုက်တဲ့ ပြည်သူ့စစ်တွေဟာ အိုက်အက်စ်အဖွဲ့ အခြေစိုက်စခန်းတွေကို အမြောက်နဲ့ လှမ်းပစ်နေပါတယ်။ အီရတ် တပ်တွေဟာ အိုင်အက် အဖွဲ့တွေ ခြေကုန်ယူထားတဲ့ ဟင်မရင်း တောင်ကြောကို သိမ်းနိုင်လို့ စိတ်ဓာတ်တက်ကြွနေတယ်လို့ စစ်သား တယောက်က ပြောပါတယ်။

ဒီရက်သတ္တပတ်တွေအတွင်းမှာ အီရတ် အစိုးရ တပ်တွေဟာ တီကရစ်မြို့ကို ပြန်သိမ်းနိုင်လို့ အိုင်အက်စ်အ ကြမ်းဖက်အဖွဲ့တွေ လက်ထဲက မြို့ကြီးတမြို့ကို အစောဆုံး ပြန်သိမ်းနိုင်တဲ့ အောင်ပွဲဖြစ်ခဲ့ပါတယ်။

အိုက်အက်စ်အဖွဲ့ဟာ ပြီးခဲ့တဲ့ နွေက အီရတ် မြောက်ပိုင်းနဲ့ အနောက်ပိုင်းက နယ်မြေတွေကို သိမ်းခဲ့ပြီး အခုတော့ အီရတ်တပ်ဖွဲ့က တန်ပြန်ထိုးစစ်ဆင်နေလို့ နောက်ပြန်ဆုတ်နေရပါတယ်။

DVB

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.