ပြီးခဲ့တဲ့နှစ်အတွင်းက ဗြိတိသျှလူမျိုး ခရီးသွားစုံတွဲကို သတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲခံထားရတဲ့ မြန်မာ ရွေှ့ပြောင်းလုပ်သားနှစ်ဦး ရဲ့အမှုကို လာမယ့် ကြာသပတေးနေ့ (မနက်ဖြန်) မှာ ကော့စမွီတရားရုံးက ပြန်လည် စစ်ဆေးတော့မယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ ရွေှ့ပြောင်း မြန်မာလုပ်သားနှစ်ဦး ဖြစ်တဲ့ ကိုဇော်လင်း နဲ့ ကိုဝင်းဇော်ထွန်း တို့နှစ်ဦးဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၁၅ရက်နေ့က ဗြိတိသျှလူမျိုး မစ္စတာ ဒေဗစ် နဲ့ မစ္စ ဟန်နာ တို့ကို ခိုတောင်ကျွန်းအနီး ကမ်းခြေမှာ သတ်ဖြတ်ခဲ့တဲ့ဆိုတဲ့စွပ်စွဲချက်တွေနဲ့ အမှုရင်ဆိုင်နေရပြီး၊ လူသတ်မှုမကျူးလွန်ခင်မှာ မစ္စ ဟန်နာ ကို အဓ္ဓမ ကျင့်ခဲ့တယ်လို့လဲ စွပ်စွဲထားပါသေးတယ်။
နိုင်ငံတကာရဲ့ အာရုံစူးစိုက်မှုကို ခံနေရတဲ့ အဲ့ဒီဖြစ်စဉ်မှာ DNA စစ်ဆေးချက်တွေအရ မြန်မာလုပ်သား နှစ်ဦးဟာ ပြစ်မှုကျူးလွန်တာ ထင်ရှားတယ်လို့ ထိုင်းရဲတွေက ယုံကြည်နေကြဆဲပါ။
ဖမ်းဆီးခံထားရတဲ့ မြန်မာရွေှ့ပြောင်းလုပ်သားနှစ်ဦးဟာ လူသတ်မှုကို သူတို့ ကျူးလွန်ခဲ့တာ ဖြစ်တယ်လို့ မူလက ၀န်ခံခဲ့ပေမယ့် သူတို့ရဲ့ မိသားစုတွေ၊ မြန်မာသံရုံးတာဝန်ရှိသူတွေနဲ့ တွေ့ဆုံချိန်မှာတော့ ထိုင်းရဲတွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့် ဖြောင့်ချက်ပေးခဲ့ရတာ ဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။
ယုဝတီ (RNA) - RakhineNewsAgency
Sign up here with your email
ConversionConversion EmoticonEmoticon