ရခိုင်တပ်နှင့် အစိုးရတပ် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား


ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အတွင်း၌ ရက္ခိုင့်တပ်မတော် (AA) နှင့် အစိုးရ တပ်မတော် အကြား 
ဧပြီ ၁၇ ရက်က စတင်ပြီး ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေကြောင်း သိရသည်။

ကျောက်တော်မြို့နယ် စပါးဆိပ် ကျေးရွာနှင့် အောင်လံချောင်း ကျေးရွာ အနီးတွင် ရက္ခိုင့်တပ်မတော် အမှတ် (၅) ဗျူဟာ လက် အောက်ခံ လှုပ်ရှားတပ်ရင်းများနှင့် ကျောက်တော် အခြေစိုက် ခြေမြန်တပ်ရင်း(ခမရ) ၅၃၉ များကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ် သည်။

“ဒီ ၃ ရက် အတွင်းမှာ ၁၈ ရက်နေ့က တိုက်ပွဲက ပိုပြင်းထန်တယ်။ ဟိုဘက်ဒီဘက် အပြန်အလှန် လက်
နက်ကြီးတွေနဲ့ပါ ပစ်ကြ တာ” ဟု ရက္ခိုင့်တပ်မတော် ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်က ဧရာဝတီကို ပြောသည်။

၃ ရက်ဆက်တိုက် ဖြစ်ပွားခဲ့သည့် ထိုတိုက်ပွဲများအတွင်း ရက္ခိုင့်တပ်မတော်ဘက်က တပ်သားတဦး ဒဏ်ရာ ရရှိခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားရာ ဒေသများဖြစ်သည့် ရသေ့တောင်၊ ကျောက်တော်၊ မင်းပြား၊ 
စစ်တွေမြို့များရှိ အစိုးရ တပ်များသို့ လက်နက်ခဲယမ်းများနှင့်အတူ တပ်အင်အား ဖြည့်တင်းမှုများ ဆက်လက်
 ပြုလုပ်လာခြင်းကြောင့် တိုက်ပွဲများ ထပ်မံဖြစ် လာနိုင်သည်ဟု ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်က 
ဆက်ပြောသည်။

ဧပြီ ၁၇ ရက်ထုတ် အစိုးရ သတင်းစာများတွင် အောင်လံချောင်း ကျေးရွာအနီး နယ်မြေရှင်းလင်းရေး လုပ်
ဆောင်နေသည့် တပ် မတော် စစ်ကြောင်းနှင့် ရခိုင်လက်နက်ကိုင် အဖွဲ့တဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရခိုင်
လက်နက်ကိုင် အဖွဲ့ပိုင် ပြောက်ကျား ကျောပိုး အိတ် ၂ လုံး၊ မြန်မာငွေ ၁၂၀၀၀၀ ကျပ်၊ Ipad ၁ လုံး၊ HUAWEI တယ်လီဖုန်း ၁လုံး၊ သံလိုက်အိမ်မြှောင် ၁ ခု၊ ဟန်းကော ၁လုံး၊ အရပ်ဝတ် အင်္ကျီ ၃ ထည်ကို သိမ်းဆည်းရမိသည်ဟု ဖော်ပြထားသည်။

ပြီးခဲ့သည့် မတ်လ ၂၉ ရက်က ဘူးသီးတောင် အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်(စကခ) ၁၅ လက်
အောက်ခံ ခမရ ၂၈၉ နှင့် ရက္ခိုင့် တပ်မတော် အမှတ် (၅) ဗျူဟာ လက်အောက်ခံ လှုပ်ရှားတပ်များ အကြား တိုက်ပွဲများ စတင်၍ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုက်ပွဲတွင် အစိုးရ စစ်တပ်ဘက်မှ ဗိုလ်ကြီး ဇော်ထက်နိုင်နှင့် တပ်သားတဦး ကျဆုံးခဲ့ပြီး၊ ဒုတပ်
ကြပ် တဦးနှင့် တပ်သား တဦးကို ရက္ခိုင့်တပ်မတော်ဘက်က ဖမ်းဆီး ထိန်းသိမ်းထားကြောင်း ဗိုလ်မှူးကြီး
 ဒေါက်တာ ညိုထွန်းအောင်က ပြောသည်။

“ကျနော်တို့အနေနဲ့ ရခိုင်ပြည်နယ်ထဲမှာ လှုပ်ရှားနေတာ ၃ နှစ်လောက် ရှိပါပြီ။ အခြေချတာက စဖွဲ့စည်းကတည်းက ပါ။ အရင် တုန်း က မြန်မာ တပ်မတော်နဲ့ ထိတွေ့မှုတွေ ဖြစ်ခဲ့ပါတယ်။ အခုဖြစ်နေတဲ့ တိုက်ပွဲတွေက ၂၉ ရက်နေ့ တိုက်ပွဲရဲ့ နောက်ဆက်တွဲတွေပေါ့။ ကျနော်တို့ အနေနဲ့လည်း ရှောင်လွှဲလို့ မရတော့တဲ့ အခြေအနေပါ”ဟုလည်း ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်က ဆို သည်။

ရက္ခိုင့်တပ်မတော်ကို ၂၀၀၉ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်
နယ်စပ် အပါအဝင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့၌ စစ်ရေးလှုပ်ရှားမှုများ ရှိနေကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် တချို့က ပြောဆိုသည်။

ကျော်ခ|ဧရာဝတီ
Previous
Next Post »
Powered by Blogger.