နီပေါ ငလျင်ဘေးသင့်သူတွေ ၈ သန်း ရှိနေပြီ


နီပေါနိုင်ငံမှာ ဧပြီ၂၅ ရက်က လှုပ်ခတ်သွားခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုနဲ့ ကြုံတွေ့နေရတဲ့သူ ၈ သန်းထိ ရှိသွားပြီလို့ ကုလသမ္မဂ က ပြောကြားလိုက်ပါတယ်။

နီပေါနိုင်ငံအတွက် ကနဦး အလှူငွေ ဒေါ်လာ ၁ သန်း အပေါ် နောက်ထပ် အကူအညီတွေ လာအုံးမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားခဲ့ပါတယ်။

ရွာလုံးကျွတ် ပျက်စီး ပျောက်ကွယ်ကုန်တဲ့အထိ မမြင်ရက်စရာ အနိဌာရုံ ဒုက္ခ မြင်ကွင်းတွေကြောင့် အမေရိကန်က နီပေါကို နောက်ထပ် ဒေါ်လာ ၉ သန်း ထပ်ပြီးတော့ ကူညီထောက်ပံ့ ပေးသွားမှာ ဖြစ်တယ်လို့လည်း ဂျွန်ကယ်ရီက ပြောကြားခဲ့ပါတယ်။

အစားအစာ ရေနဲ့ လျှပ်စစ်မီးတွေ ပြတ်တောက်နေတဲ့အတွက် နီပေါမှာ ကူးစက်ရောဂါတွေ ဖြစ်လာမှာကိုလည်း စိုးရိမ်ပူပန်နေကြတာ ဖြစ်ပါတယ်။

နီပေါမှာ စောင်ကနေ ရဟတ်ယာဉ်အထိ အရေးတကြီး လိုအပ်နေသလို ဆရာဝန်နဲ့ ကားမောင်းသမားတွေလည်း အများအပြား လိုအပ်နေတာ ဖြစ်ပါတယ်။

နိုင်ငံတကာ ကယ်ဆယ်ရေး ဆောင်ရွက်မှုတွေလည်း နီပေါမှာ စတင် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

အရေးကြီးတာက မုတ်သုန်မိုးတွေ မရွာသွန်းခင်မှာ ဒုက္ခသည်တွေကို ရွက်ဖျင်တဲတွေ အမြန်ထောက်ပံ့ပေးဖို့ လိုတယ်လို့ Care ကူညီကယ်ဆယ်ရေးအဖွဲ့က ပြောခွင့်ရသူက ပြောခဲ့ပါတယ်။

ခတ္တမန္ဒူ မြို့တော်ရဲ့ လမ်းမတွေပေါ်မှာတော့ သိန်းနဲ့ချီတဲ့သူတွေဟာ တတိယမြောက်ညအဖြစ် အိမ်တွေအပြင်ဘက်မှာ ထွက်ပြီး အိပ်ခဲ့ကြရတာ ဖြစ်ပါတယ်။

BBC Burmese
Previous
Next Post »

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.