သဲတွေနဲ့ ဖုံးလွှမ်းပြီး ထူးထူးခြားခြား အပန်းဖြေမှု ပြုလုပ်


ဂျပန် နိုင်ငံမှာရှိတဲ့ ဘက်ပူနဲ့ အန်ဂူဇူကီ မြို့တွေဟာ ကဗ္ဘာလှည့် ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ နေရာ ဖြစ်ပါတယ်။ အဲဒီနေရာ ပတ်ဝန်းကျင်မှာ ထူးခြားတဲ့ ရာသီဥတုကို တွေ့ကြုံခံစားရမှာ ဖြစ်ပြီး မီးတောင်တွေ ရှိနေတာကြောင့် လာရောက် လေ့လာသူတွေ အများအပြား ရှိခဲ့ပါတယ်။

ဒီနေရာဟာ ရေပူစမ်း ပုံစံမျိုး ရှိနေတာမို့ ခရီးသွားတွေကို ဆွဲဆောင်တဲ့ နေရာတစ်ခု ဖြစ်ခဲ့ပါတယ်။ ထူးခြားတာက ဒီနေရာမှာ နာမည်ကျော် Spa တွေ ရှိနေခြင်းပဲ ဖြစ်ပါတယ်။

Spa တွေမှာ ထူးခြားတဲ့ ဇိမ်ခံမှုကို ပြုလုပ် ပေးလေ့ရှိပါတယ်။ အဲဒါကတော့ သဲတွေနဲ့အတူ ရေချိုးခြင်းပဲ ဖြစ်ပါတယ်။ မီးတောင်ကနေ ထွက်လာတဲ့ သဲတွေကို ယူဆောင်ပြီး ထူးခြားတဲ့ အတွေ့အကြုံကို ခံစားစေတာ ဖြစ်ပါတယ်။ သဲတွေဟာ အပူငွေ့ ရှိနေတာမို့ လူတွေရဲ့ ခန္ဓာကိုယ်ပေါ် ဖုံးလွှမ်း သွားခဲ့လို့ရှိရင် ရောဂါ ဝေဒနာတွေ သက်သာ ပျောက်ကင်း စေတယ်လို့ အယူအဆ ရှိပါတယ်။ ဒီလိုသဲတွေနဲ့ အတူ မိနစ် (၃၀) ခန့် နေလိုက်မယ် ဆိုရင် ဆီးချိုရောဂါ၊ ရင်ကျပ်ရောဂါ စတာတွေကို သက်သာ ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ခန္ဓာကိုယ် အလေးချိန် လျှော့ချရာမှာလည်း အသုံးဝင်စေပါတယ်။ ဆိုင်က ထုတ်ပေးတဲ့ အ၀တ်အစားကိုသာ ၀တ်ဆင်ရမှာ ဖြစ်ပြီး လှဲလျောင်းနေချိန်မှာ ဆိုင်ဝန်ထမ်းတွေက သဲတွေကို ယူဆောင်ပြီး ခန္ဓာကိုယ်ပေါ် ဖုံးလွှမ်းပေးမှာ ဖြစ်ပါတယ်။ မိနစ် (၃၀) နီးပါး ပြုလုပ်ပြီးပြီ ဆိုရင် ပေါ့ပါး သွက်လက်မှုကို ရရှိစေမှာ ဖြစ်ပါတယ်။

messenger
Previous
Next Post »
Powered by Blogger.