ဧပြီလ (၁၀)ရက်နေ့ကို Nirvana နေ့အဖြစ် တရားဝင် သတ်မှတ်ခဲ့


၂၀၁၃ခုနှစ်ကတည်းက Rock and Roll Hall of Fame မှာ မှတ်တမ်းတင် ဂုဏ်ပြုခံရပြီးနောက်မှာ Nirvana အဖွဲ့ဟာအခြားဂုဏ်ပြုမှု တစ်ခုနဲ့ကြုံခဲ့ရပါတယ်။ အဲ့ဒါကတော့ ၂၀၁၄ခုနှစ်ကစပြီး Washington မှာရှိတဲ့ Hoquaim မြို့က ဧပြီလ ၁၀ ရက်နေ့ကို Nirvana Day အဖြစ် ကြေငြာခဲ့တာပဲဖြစ်ပါတယ်။

Kiss၊ Peter Gabriel၊ Car Stevens အပါအ၀င် အခြားသောသူတွေနဲ့အတူ Nirvana ကို Rock and Roll Hall of Fame ရဲ့ ၂၀၁၄ class ထဲမှာ ပါဝင်မှတ်တမ်းတင် ဂုဏ်ပြုမှာဖြစ်ပါတယ်။ အဲဒီ့အခမ်းအနားကို ဧပြီလ ၁၀ ရက်နေ့ Brooklyn၊ New York မှာရှိတဲ့ Barclays Center မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ Hoquiam မြို့ရဲ့ မြို့တော်ဝန်က Nirvana နေ့အဖြစ်ကြေငြာမယ့် ရက် တစ်ရက်တည်းလည်း ဖြစ်ခဲ့ပါတယ်။

Nirvana ဟာ Washington Grays ဆိပ်ကမ်းအရပ်မှာ သိသာထင်ရှားပြီး အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတစ်ခုကို ထားသွားခဲ့တာဖြစ်ကြောင်း Hoquiam မြို့တော်ဝန် Jack Durney ကပြောပါတယ်။

ဒီလို Nirvana နေ့အဖြစ် သတ်မှတ်ရခြင်းအပေါ်မှာတော့ “ဒီလူ့အဖွဲ့ အစည်းအတွက် ကြီးကျယ်မြင့်မြတ်မှု တစ်ခုကိုသူတို့ သယ်ဆောင်လာတယ်လို့ ကျွန်တော်ထင်ပါတယ်။ ပြီးတော့ Kurt Cobain တစ်ယောက် Hoquiam မှာ နေသွားတာကောင်းပါတယ်။ ပြီးတော့သူနဲ့ Krist Novoselic တို့ဟာ ကျွန်တော်တို့လူ့အဖွဲ့ အစည်းရဲ့ အစိတ်အပိုင်းတွေဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ သားတွေ(Kurt Cobain လိုလူမျိုးတွေ) နဲ့ သူတို့ရဲ့ ကြီးကျယ် ခမ်းနားတဲ့ စွမ်းဆောင်မှုတွေ အတွက် ဂုဏ်ပြုရတာ ကောင်းတဲ့ အလုပ်လို့ ကျွန်တော်ထင်ပါတယ်” လို့ မြို့တော်ဝန် Durney ကပြောပါတယ်။

ဟန်နီ | Trend Myanmar
Previous
Next Post »
Powered by Blogger.