IS နဲ့ ပူးပေါင်းသူ သြစီတစ်ဦး သေဆုံး


ဆီးရီးယားနိုင်ငံက ​IS ​အဖွဲ့နဲ့ ​ပူးပေါင်းခဲ့သူ ​သြစတြေးလျနိုင်ငံသား ​သေဆုံးသွားပြီ ​ဆိုတဲ့အကြောင်း ​လူမှု ​ကွန်ယက်တွေမှာ ​ထွက်ပေါ်လာပါတယ်။

တွစ်တာ ​လူမှု ​ကွန်ယက်မှာ ​ဖော်ပြချက်အရ ​သေနေတဲ့ ​လူတစ်ယောက်ရဲ့ ​အလောင်းပုံကို ​တင်ထားပြီး ​အဲဒီလူဟာ ​မဲလ်ဘုန်းမြို့က ​တက္ကသိုလ်ကျောင်း ​Suhan ​Rahman ​နဲ့ ​ဆင်တူ ​တာကို ​တွေ့ခဲ့ ​ရပါတယ်။

အသက် ​၂၃ ​နှစ်အရွယ် ​Suhan ​Rahman ​ကို ​Abu ​Jihad ​Al-Australi ​လို့လည်း ​IS ​အဖွဲ့က ​နာမည်ပေးထားပါတယ်။

သူတကယ် ​သေဆုံးသလား ​ဆိုတာကိုတော့ ​အေဘီစီ ​အနေနဲ့ ​အတည်မပြုနိုင်ပါဘူး။ ​ဒါ့အပြင် ​IS ​အဖွဲ့နဲ့ ​ပူးပေါင်းခဲ့သလား ​ဆိုတာကိုလည်း ​မတည်ပြုနိုင်ခြင်း ​မရှိပါဘူး။

Suhan ​Rahman ​ဟာ ​လွန်ခဲ့တဲ့ ​၇ ​လ ​လောက်က ​ဆီးရီးယားကို ​သွားပြီး ​IS ​အဖွဲ့နဲ့ ​ပူးပေါင်းခဲ့တာ ​ဖြစ်မယ်လို့ ​ယူဆနေကြပါတယ်။

သူ့ရဲ့ ​ဖေ့စ်ဘွတ်ပေါ်မှာတော့ ​သြစတြေးလျနိုင်ငံမှာ ​အကြမ်းဖက်မှုတွေ ​လုပ်ဖို့ ​တိုက်တွန်းထားတဲ့ ​စာကို ​တွေ့ခဲ့ရသလို ​ဘယ်လို ​လုပ်သင့်တယ်ဆိုတာကိုလည်း ​အသေးစိတ် ​ရေးသားထားပါတယ်။

အဲဒီ ​အသေးစိတ် ​အချက်အလက်တွေ ​မထုတ်ပြန်ဖို့ ​အေဘီစီက ​ဆုံးဖြတ်ထားပါတယ်။

အရင်တလောတုန်းကလည်း ​အစွန်းရောက် ​ဝါဒီ ​ကိုင်စွဲတဲ့ ​မဲလ်ဘုန်းနိုင်ငံက ​ဆယ်ကျော်သက်အရွယ် ​တစ်ဦး ​အီရတ်မှာ ​အသေခံ ​ဗုံးဖောက်ခွဲမှု ​ဖြစ်ပေါ်ခဲ့ပါတယ်။

ၾသစေၾတးလ် ​အစိုးရက ​ၾသစေၾတးလ် ​နိုင်ငံသားတွေ ​အင်တာနက်ကနေတဆင့် ​အစွန်းရောက်ဝါဒ ​ဖြန့်ချီခံရတာတွေ ​ရှိနေတဲ့အတွက် ​အင်တာနက်မှာ ​ပိုမို ​စောင့်ကြည့်မှုလုပ်ဖို့ ​ကြိုးစားနေပါတယ်။

တယ်လီဖုန်း ​ကုမ္ပဏီတွေကိုလည်း ​သူတို့ ​ကုမ္ပဏီရဲ့ ​ဖုန်းကို ​အသုံးပြုတဲ့ ​လူတွေရဲ့ ​ဖုန်းခေါ်ဆိုမှုနဲ့ ​စာရေးသားမှုတွေကို ​နှစ်နှစ်ကြာတဲ့အထိ ​ထိန်းသိမ်းထားဖို့ ​အစိုးရက ​လုပ်ဆောင်နေပါတယ်။

သတင်းထောက်တွေရဲ့ ​ဖုန်းနဲ့ ​အချက်အလက် ​မှတ်တမ်းတွေကိုလည်း ​စောင့်ကြည့် ​ရယူဖို့ ​အစိုးရက ​ကြိုးစားပေမယ့် ​အဲဒီအဆိုကို ​အတိုက်အခံပါတီက ​ကန့်ကွက်နေပါတယ်။

အကြမ်းဖက် ​သမားနဲ့ ​အဆက်အသွယ်ရှိတဲ့ ​သတင်းထောက်တွေကိုလည်း ​သတင်းထောက် ​အလုပ်ကိုသာ ​လုပ်ခွင့်ပေးဖို့ ​လိုလားနေတာကြောင့် ​အခုအခါမှာတော့ ​ဝရမ်းတွေ ​ရရှိမှပဲ ​သတင်းထောက်တွေရဲ့ ​မှတ်တမ်းကို ​ရယူရမှာ ​ဖြစ်ပါတယ်။

အစွန်းရောက် ​ဝါဒီ ​လွှမ်းမိုးမှု ​မရှိအောင် ​သြစတြေးလျ ​က ​ဒေါ်လာ ​သန်းပေါင်း ​ရာနဲ့ချီ ​သုံးစွဲဖို့ရှိပြီး ​မွတ်စလင် ​လူငယ်တွေကိုလည်း ​ပညာပေး ​လုပ်ငန်းတွေ ​လုပ်ဆောင်ပေးနေပါတယ်။

ABC Radio Australia
Previous
Next Post »
Powered by Blogger.