Game Over ဖြစ်တဲ့နေ့


ကလေးတစ်ယောက် ဆံပင်ညှပ်ဆိုင် အတွင်းဝင်လာသည်။ ဆံပင်ညှပ်ဆရာက သူ့ဖောက် သည်ကို တိုးတိုး လေးကပ်ပြောသည်။

“ကြည့်ဗျ . . . ကမ္ဘာမှာ ဒီလောက်တုံးတဲ့ ကလေးမျိုး တစ်ခါမှ မတွေ့ဖူးဘူး။ ကြည့်နေ ကျနော်ပြမယ်။”

ဆံပင်ညှပ်ဆရာသည် လက်တစ်ဖက်တွင် အကြွေ ဆင့် ၅၀ ကိုကိုင်၍တစ်ဖက်က ၁ဒေါ်လာတန် ငွေစက္ကူကို ကိုင်ထားသည်။ ပြီးနောက် ကလေးငယ်ကို လှမ်းခေါ်သည်။

“ကဲ . . .ချာတိတ် ဒီနှစ်ခု ထဲက မင်း ဘယ်ဟာကို ယူချင်လဲ”

ကလေးက ဆင့် ၅၀ အကြွေကို သာ ရွေးယူလိုက်သည်။
ပြီးနောက် မုန့်ဝယ်စားရန် အပြင်သို့ ထွက်သွားလေသည်။

ဆံပင်ညှပ်ဆရာက သူ့ဖောက်သည်ကို မျက်ခုံးပင့်၍ ကြည့်ရင်း ပြောသည်။

“ဘယ်တော့မှ လေ့လာသင်ယူမှု မရှိတဲ့ ချာတိတ်ဗျ။ ကျနော် ခဏခဏ စမ်းကြည့်တယ် အမြဲတမ်းဒီတိုင်းပဲ”

ဖောက်သည် က ဘာမှ ပြန်မပြောခဲ့။ ဆံပင်ညှပ်ပြီး၍ အပြန်လမ်းတွင် ဖောက်သည် သည် အစောတုန်းက ကလေးကို ရေခဲမုန့် စားနေသည်ကို တွေ့ရသည်။
ကလေးငယ်အနားကပ် သွားသည်။ ပြီး သူသိချင်သည်ကို မေးကြည့်သည်။

“မင်းကွာ . . . ဟို ပိုများတဲ့ တစ်ဒေါ်လာကို တော့မရွေးဘူး။ ဘာမဟုတ်တဲ့
အကြွေကိုမှ ဘာကြောင့် ယူရတာလဲ”

ကလေး ငယ်က ရေခဲမုန့်ကို လျှာဖြင်ယက်ရင်း ဖြေသည်။

“တစ်ဒေါ်လာယူတဲ့နေ့ က game over ဖြစ်တဲ့နေ့ဖြစ်သွားမှာပေါ့ဗျ”

Khin Zaw Oo
Previous
Next Post »
Powered by Blogger.