မြောက်ကိုရီးယားက အရှေ့ဘက်ကမ်းခြေဒေသဘက်ကို တာတိုပစ်ဒုံးကျည် ၂ စင်း ပစ်လွှတ်ခဲ့တဲ့ကိစ္စကို အိမ်နီးချင်း တောင်ကိုရီးယားနဲ့ ဂျပန်တို့က ရှုတ်ချလိုက်ပါတယ်။
မြောက်ကိုရီးယားရဲ့ ခြေလှမ်းဟာ မတ် ၂ ရက် ဒီနေ့မှာပဲ စတင်မယ့် တောင်ကိုရီးယားနဲ့ အမေရိ ကန်ပြည်ထောင်စုတို့ နှစ်စဉ် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ကန့်ကွက်တဲ့အနေနဲ့ တုံ့ပြန်ချက်အဖြစ် ယူဆကြပါတယ်။
မတ် ၂ ရက်နေ့ အစောပိုင်းမှာ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည် ၂ စင်းဟာ ပင်လယ်ထဲကို ကျခဲ့ပါတယ်။
မြောက်ကိုရီးယားနိုင်ငံ အနောက်ဘက် နမ်ပို ဒေသကနေ အရှေ့ပင်လယ်ထဲကို ဒုံးကျည်တွေ ပစ်လွှတ် ခဲ့တယ်။ ဒါဟာ စစ်ရေးအရ ရန်စမှု ဖြစ်ပါတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဌာန ပြောခွင့်ရသူ ကင်မင်ဆွခ်က ဆိုးလ်မြို့တော်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အမေရိကန်နဲ့ မြောက်ကိုရီးယားတပ်တွေဟာ မြောက်ကိုရီးယားဘက်က ရန်စလာရင် ချက်ချင်း တုံ့ပြန်ဖို့ အသင့်အနေအထားမှာ ရှိတယ်လို့လည်း ပြောပါတယ်။
ဂျပန်အစိုးရ ပြောခွင့်ရ ယူရှိဟိဒဲ ဆူဂကလည်း မြောက်ကိုရီးယားရဲ့ ဒုံးကျည် ပစ်ခတ်မှုကို တရားဝင် ကန့် ကွက်သွားမယ်လို့ ပြောပါတယ်။
ဒီလုပ်ရပ်ဟာ လေကြောင်းလိုင်းတွေ၊ ရေယာဉ်တွေရဲ့ လုံခြုံးရေးအတွက် ပြသနာဖြစ်သလို၊ ဂျပန်နဲ့ မြောက် ကိုရီးယားတို့ ပူးတွဲသဘောတူညီချက်၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ချိုးဖောက်မှု ဖြစ် တယ်လို့ ဆိုပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားက အကြိမ်ကြိမ် ကန့် ကွက်ခဲ့ပြီး ပြတ်ပြတ်သားသား တုံ့ပြန်မယ်လို့ ပြောခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ အရင်ကလည်း တာတိုပစ် ဒုံးကျည်တွေကို စမ်းသပ်ခဲ့ဖူးပါတယ်။ ကုလသမဂ္ဂက မြောက်ကိုးရီးယားနိုင်ငံကို ဒီလို ဒုံးကျည်နည်းပညာကို အသုံးပြုခွင့် ပိတ်ပင် ထားပါတယ်။
DVB
Sign up here with your email
ConversionConversion EmoticonEmoticon