လုပ်ကြံသတ်ဖြတ်ခံရသည့် အတိုက်အခံခေါင်းဆောင်အတွက် ဂုဏ်ပြုချီတက်ပွဲ မော်စကိုတွင် ကျင်းပ


ရုရှားနိုင်ငံ မြို့တော် မော်စကိုမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့က လုပ်ကြံ သတ်ဖြတ်ခံရတဲ့ အတိုက်အ ခံခေါင်းဆောင် ဘောရစ် နမ်ဆော့ဗ်ကို ဂုဏ်ပြုချီတက်ပွဲ မတ် ၁ ရက်နေ့မှာ ကျင်းပခဲ့ကြပါတယ်။

ထောင်သောင်းချီတဲ့ ရုရှားပြည်သူတွေ ဘောရစ် နမ်ဆော့ဗ်ရဲ့ ရုပ်ပုံ ပိုစတာတွေကို ကိုင်ဆောင်ပြီး မော်စ ကိုလမ်းမတွေမှာ ချီတက်ခဲ့ကြပါတယ်။

ဘောရစ် နမ်ဆော့ဗ်ဟာ သမ္မတ ပူတင်ကို ပွင့်ပွင်းလင်းလင်း ဝေဖန်သူလည်းဖြစ် အရင် ဒုဝန်ကြီးချုပ်လည်း ဖြစ်ခဲ့ပြီး ဖေဖော်ဝါရီ ၂၇ ရက်နေ့က စားသောက်ဆိုင်ကနေ အိမ်အပြန်လမ်းမှာ ပစ်သတ်ခံခဲ့ရတာပါ။

ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ သူ လုပ်ကြံခံရတဲ့ ကရင်မလင်နန်းတော်အနီး တံတားပေါ်မှာ ထောင်ချီတဲ့ ရုရှားပြည်သူတွေ အောက်မေ့ဖွယ် ပန်းခွေတွေချပြီး ဖယောင်းတိုင်တွေ ထွန်းညှိခဲ့ကြ ပါတယ်။

အတိုက်အခံခေါင်းဆောင်တွေက နမ်ဆော့ဗ်ဟာ အကျင့်စာရိတ္တကောင်းပြီး ပွင့်လင်း သလောက် ထက်မြတ် သူတယောက် ဖြစ်ပြီး ဘ၀တလျှောက်လုံးမှာ ရုရှားနိုင်ငံအတွက် မြှုပ်နှံ ပေးဆပ်ခဲ့သူဖြစ်တယ်လို့ ပြောပါ တယ်။

သမ္မတပူတင် အုပ်ချုပ်တဲ့ ၁၅ နှစ်တာ ကာလအတွင်းမှာ အထင်ရှားဆုံး အတိုက်အခံ ဖြစ်ခဲ့ပြီး တချိန်က သမ္မတ ဘောရစ် ယဲ့လ်ဆင်ကို ဆက်ခံမယ့်သူအဖြစ် ထင်ကြေးပေးခံခဲ့ရဖူးပါတယ်။

ဘောရစ် နမ်ဆော့ဗ်ကို လုပ်ကြံသတ်ဖြတ်မှုကို သမ္မတ ပူတင်က ရှုံ့ချလိုက်ပြီး သူ တိုက်ရိုက်ကြီးကြပ်တဲ့အ ဖွဲ့ ကို စုံစမ်းဖို့ တာဝန်ပေးထားပါတယ်။

သမ္မတ ပူတင်ဟာ အတိုက်အခံတွေကို နှိပ်ကွပ်ပြီး ဝေဖန်သူ အတော်များများဟာလည်း ထောင်သွင်းအ ကျဉ်းချ ခံပြီး တချို့က ရုရှားကနေ ထွက်ပြေးခဲ့ရပါတယ်။

ထင်ရှားတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း သတ်ဖြတ်မှုကို ရှုတ်ချခဲ့ကြပြီး သမ္မတ အိုဘားမားက ဘက်မလိုက်ဘဲ၊ ပွင့်လင်းမြင်သာတဲ့ စုံစမ်းမှုတွေကို အမြန်ဆုံး ဆောင်ရွက်ဖို့ တိုက်တွန်း ထားပါတယ်။

နာမည်ကျော် ကေဂျီဘီ ရုရှားထောက်လှမ်းရေးသမားဖြစ်ခဲ့တဲ့ သမ္မတ ပူတင် အုပ်ချုပ်တဲ့ကာလတွေမှာ နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့ လုပ်ကြံသတ်ဖြတ်မှုတွေဟာ လက်သည်ပေါ်လေ့ မရှိပါဘူး။

အခု နောက်ဆုံး သတ်ဖြတ်မှုဟာ နိုင်ငံရေး မတည်ငြိမ်အောင် ဖန်တီးချင်တာလား၊ ဒါမှမဟုတ် ဂျူးတယောက်ဖြစ်တဲ့ နမ်ဆော့ဗ်ကို အစွန်းရောက် အစ္စလာမ်ဝါဒီတစုံတယောက်က လုပ်ကြံ သတ်ဖြတ် သလားဆိုတာကို စုံစမ်းနေတယ်လို့ ရဲအဖွဲ့က ပြောဆိုပါတယ်။

DVB
Previous
Next Post »
Powered by Blogger.