ခရီးသည်တင်လေယာဉ်တွေကို နောက်ယောင်ခံနိုင်မည့်စနစ် စမ်းသပ်မည်


အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတို့က သူတို့နိုင်ငံတွေရဲ့ ခရီးသည်တင် လေယာဉ်တွေကို နောက်ယောင်ခံနိုင် မယ့်စနစ်တခုကို ပထမဆုံး စမ်းသပ်မယ်လို့ ပြီးခဲ့တဲ့ မတ် ၁ ရက်နေ့က ကြေညာပါတယ်။

ဒါဟာ မလေးရှားလေကြောင်းလိုင်း MH370 ပျောက်ဆုံးခဲ့ပြီး ၁ နှစ်ပြည့်ခါနီးမှာ အခု စနစ်သစ်ကို စမ်းသပ်ဖို့ ဖြစ်လာတာပါ။

MH370 ဟာ ခရီးသည် ၂၃၉ ဦးနဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်ကနေ တရုတ်နိုင်ငံ ပီကင်းမြို့
တော်ကို ပျံသန်းရှင်း ပျောက်ဆုံးခဲ့တာပါ။

အခု စမ်းသပ်မယ့် စနစ်သစ်ဟာ လေယာဉ်ရောက်ရှိနေတဲ့နေရာကို လောလောဆယ် နာရီဝက်၊ မိနစ် ၄၀ မှ ၁ ကြိမ် ထောက်လှမ်းနေတာကနေ ၁၅ မိနစ်တိုင်း ၁ ကြိမ် ထောက်လှမ်းဖို့ ဖြစ်ပါတယ်။

ဒီစနစ်ဟာ ခရီးဝေး ခရီးသည်တင်လေယာဉ်တွေမှာ လက်ရှိတပ်ဆင်အသုံးပြုနေတဲ့ နည်းပညာလည်း ဖြစ်ပါတယ်။

လေယာဉ်ဟာ ပုံမှန်လမ်းကြောင်းအတိုင်း မပျံသန်းပဲ လမ်းကြောင်းလွဲ ပျံသန်းနေပြီဆိုရင် ပုံမှန် ၁၅ မိနစ် ၁ ကြိမ် ထောက်လှမ်းနေ ၅ မိနစ်တိုင်း ဒါမှမဟုတ် အဲ့ဒီထက်နည်းတဲ့အချိန်တိုင်းမှာ တိုးပြီး ထောက်လှမ်းနိုင် ဖို့လည်း မျှော်လင့်နေကြပါတယ်။

သြစတြေးလျ သယ်ယူပို့ဆောင်ရေးဝန်ကြီးကတော့ ဒီစနစ်ကို ကမ္ဘာပေါ်မှာ ပထမဆုံး အသုံးပြုမှာ ဖြစ်ပြီး ပျောက်ဆုံးနေတဲ့ MH370 ကို ရှာတွေ့ခြင်း၊ မတွေ့ခြင်းနဲ့တော့ မဆိုင်ဘူးလို့ အလေးအနက်ထား ပြောဆို ပါတယ်။

ဒီစနစ်သစ်ကြောင့် လေယာဉ်တခုခုဖြစ်ရင် လေယာဉ်နဲ့ အနီးကပ်ဆုံးနေရာအထိ ထောက်လှမ်း သိရှိနိုင် မယ်လို့လည်း သြစတြေးလျလေကြောင်း ၀န်ဆောင်မှုလုပ်ငန်းများ ဥက္ကဋ္ဌကလည်း ပြောဆိုပါတယ်။

MH370 တကတော့ မာလက္ကာရေလက်ကြားမှာ လေယာဉ်နောက်ဆုံး ရောက်ရှိခဲ့တာကိုပဲ သိရှိခဲ့ပြီး အဲဒီ ကနေ ဘယ်ဖက်ဆက်သွားမှန်း အတိအကျကို မသိရတော့တာပါ။

ဒီစနစ်သစ်ကို သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ စတင်စမ်းသပ်မှာ ဖြစ်ပြီး အဲ့ဒီကနေ အင်ဒိုနီးရှားနဲ့ မလေး ရှားနိုင်ငံတွေမှာ တိုးချဲစမ်းသပ်မှာ ဖြစ်ပါတယ်။

DVB
Previous
Next Post »
Powered by Blogger.