ရွှေဘိုခရိုင် ဒီပဲယင်းမြို့ နယ် လက်ယက်ကုန်းကျေးရွာတွင် နေအိမ်ခြံဝင်း တစ်ခုအတွင်း ကောက်ရိုးပုံ ကို မီးရှို့ခဲ့သူအား အဆိုပါ ရွာသားများက ဖမ်းဆီး၍ ရွာအပြင်ဘက်တွင် မီးရှို့ သတ်ဖြတ်ခဲ့ြေ့ကာင်း ဒီပဲယင်းမြို့ နယ် ရဲတပ်ဖွဲ့စခန်းမှ သိရှိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၈ ရက် ညပိုင်းတွင် လက်ယက်ကုန်းကျေးရွာ ရှိ နေအိမ်ခြံဝင်းအတွင်း ကောက်ရိုးပုံ ကို တစ်ရွာတည်းနေ အသက် (၃၀) နှစ် အရွယ် အမျိုးသားတစ်ဦးက မီးရှို့ခဲ့ ရာ ရွာသားများက လိုက်လံ ဖမ်းဆီး၍ ရွာအပြင်သို့ ခေါ်ဆောင်သွားခဲ့ကြောင်းကောက်ရိုးပုံ မီး ရှို့သူ၏ ဖခင်က နယ် မြေရဲစခန်းမှ တာ ၀န်ရှိသူများ သွား ရောက် တိုင်ကြားသဖြင့် လာရောက် ဖြန်ဖြေရာ ရဲများ အား ကျေးရွာအတွင်း ၀င်ရောက် ခွင့် မပြုခဲ့ကြောင်းသိရသည်။
ရွာသားများက ရိုက်နှက်ရာမှ လက်လွန်သွားသဖြင့် မီးရှို့ အလောင်းဖျောက်ခြင်းဖြစ်နိုင်ကြောင်း ရဲအရာရှိ တစ်ဦးက ပြော ကြားသည်။
ရွာအ နောက်ဘက် သုသာန်တွင် ကောက်ရိုးပုံ မီးရှို့သူကို မီးရှို့ သတ်ဖြတ် ထားသည့်နေရာသို့ သက်ဆိုင် ရာတာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ရာ မီးကျွမ်းနေသည့် အသားစများပါ လူအရိုးအစိတ်အပိုင်းများ အပြင် လှံချွန် တစ်ချောင်းတို့ တွေ့ရှိရကြောင်းသိရသည်။
အဆိုပါ အမှုကို ဒီပဲယင်းမြို့နယ် ရဲစခန်းက လူသတ်မှုဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။
ရွှေဘိုသားလေး - The Ladies News Journal
Sign up here with your email
ConversionConversion EmoticonEmoticon