ဒါကို အများစုလည်း သဘောကြမယ်ဆိုတာ သိပေမယ့် ဒီလိုမျိုး သတိပေးမှုဆိုတာ ပိုတယ်မရှိသလို ဆိုး ကျိုးဖြစ်စေတဲ့အရာ တစ်ခုလည်း မဟုတ်ပါဘူး။ အများအားဖြင့် အကြော်တွေ သိပ်မကြော်ဖြစ်ရင်တောင်မှ သုံးပြီးသားဆီကို ပုဂံဆေးဗေစင်ထဲ အမြဲလိုလို သွန်ပစ်တတ်ကြတယ်။
ဒါ အကြီးမားဆုံး အမှားဖြစ်ပါတယ်။ ဘာကြောင့်လဲတဲ့ အဖြေက အရမ်းရိုးရှင်းပါတယ်။ သင့်တော်မှန်ကန်
သော နည်းလမ်းကို ပြောမပြကြလို့ပဲဖြစ်ပါတယ်။
စနစ်ကျမှန်ကန်သောနည်းမှာ သုံးပြီးသားဆီတွေကို ပလတ်စတစ်ဗူးထဲထည့်၊ အဖုံးကိုလုံခြုံစွာပိတ်ထားပြီး အဲဒါကို အမှိုက်ပုံးထဲ စွန့်ပစ်ပေးလိုက်ရုံပဲဖြစ်ပါတယ်။
ဘာကြောင့် ဒါကို တကူးတကပြောနေရလဲဆိုရင် (ယုံချင်ယုံ၊ မယုံချင်နေ) - ဆီ (၁) လီတာပမဏက သန့်ရှင်းတဲ့ရေ ၁ မီလီယံလီတာ(1million litre) ညစ်ညမ်းစေတယ်ဆိုတဲ့ အချက်ကြောင့်ဖြစ်တယ်။ သာမန်လူတစ်ဦးက ၁၄ နှစ်ကြာ သုံးစွဲတဲ့ရေပမာဏနဲ့ ညီမျှပါတယ်။
ပေါ်ထွန်း | Trend Myanmar

Sign up here with your email
ConversionConversion EmoticonEmoticon