ထိုင်းအာဏာပိုင် များသည် နိုင်ငံအတွင်း နိုင်ငံကူး လက်မှတ်အတု ပြုလုပ်သည့် တရားမဝင်ဂိုဏ်း တစ်ခုကို ဖော်ထုတ် နိုင်ခဲ့ကြောင်း ယင်းနိုင်ငံမှ အထူးစုံစမ်း စစ်ဆေးရေး အဖွဲ့က ယမန်နေ့တွင် ထုတ်ပြန် ခဲ့သည်။
ထိုင်း အထူးစုံစမ်း စစ်ဆေးရေး ရဲတပ်ဖွဲ့သည် အီရန် နိုင်ငံသား တစ်ဦးကို နိုင်ငံကူး လက်မှတ်အတု လုပ်မှုဖြင့် ပြီးခဲ့သည့် သီတင်းပတ် အကုန်က ဖမ်းဆီးခဲ့ရာမှ နိုင်ငံအတွင်းရှိ တရားမဝင် နိုင်ငံကူး လက်မှတ် အတု ပြုလုပ်သည့် ဂိုဏ်းကို ဖော်ထုတ် နိုင်ခဲ့ခြင်း ဖြစ်ကြောင်း အထူးစုံစမ်း စစ်ဆေးရေး အဖွဲ့မှ အဖွဲ့ဝင် ဆုန်ဆက်ရက် ဆက်ဆာကူလ် က ပြောကြား ခဲ့သည်။
အဆိုပါ ဖမ်းဆီးခံ ရသည့် အီရန် နိုင်ငံသားမှာ အသက် ၄၅ နှစ်ရှိ မူရယ်လ်ဂူရက် ဆိုသူဖြစ်ပြီး ၄င်းသည် နိုင်ငံကူး လက်မှတ်အတု ပြုလုပ်သည့် ဂိုဏ်းကို ထိုင်းနိုင်ငံ အတွင်း ဆယ်စုနှစ် တစ်ခုကြာ ဦးဆောင်ခဲ့သူ ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နှင့် ပါကစ္စတန် နိုင်ငံသားများ နှင့်ပါ အဆက်အသွယ် ပြုလုပ်ခဲ့သည်။
ထို့ပြင် ရဲတပ်ဖွဲ့သည် အဆိုပါ ဖမ်းဆီးမှု အတွင်း နိုင်ငံကူး လက်မှတ်အတု ပြုလုပ်သည့် ပစ္စည်းကိရိယာ များနှင့် နိုင်ငံပေါင်း ၆၄ နိုင်ငံမှ ခိုးယူခဲ့သည့် နိုင်ငံကူး လက်မှတ် ၁ဝ၅၃ ခုကို သိမ်းဆည်း ရမိခဲ့သည်။
မကြာသေးမီက ပျောက်ဆုံး သွားခဲ့သည့် မလေးရှား လေကြောင်းလိုင်း ပိုင် ခရီးသည်တင် လေယာဉ်ပေါ်၌ လိုက်ပါလာသည့် ခရီးသည် နှစ်ဦးမှာ ထိုင်းနိုင်ငံ အတွင်း ခိုးယူခြင်း ခံရသည့် နိုင်ငံကူး လက်မှတ်အတု များဖြင့် အဆိုပါ လေယာဉ်ပေါ်သို့ တက်ရောက် လာခဲ့ခြင်း ဖြစ်ကြောင်း စုံစမ်းစစ်ဆေး ဖော်ထုတ် နိုင်ပြီးနောက် ထိုင်းနိုင်ငံကို နိုင်ငံကူး လက်မှတ်နှင့် အခြား စာရွက်၊ စာတမ်းအတု ပြုလုပ်ရာ အဓိက နိုင်ငံတစ်ခု အဖြစ် သတိထား မိလာခဲ့ကြောင်း သိရသည်။
PyiChitThar
Sign up here with your email
ConversionConversion EmoticonEmoticon