ဝန်မခံလိုပါ.. သို့သော်…(ဟာသ)

အမြန်မောင်းနေသော ကားတစ်စီးနောက်သို့ ရဲကားတစ်စီးလိုက်ဖမ်းရာ ..

ရဲသား ။ ။ “ခင်ဗျား ဘာလို့ ဒီလောက်အမြန်မောင်းရသလဲ။ ဒဏ်ငွေအများ ကြီးဆောင်ရမယ်ဆိုတာ မသိဘူးလား။ အဲ့ဒီငွေတွေနဲ့ တခြားအလုပ်တွေ အများကြီးလုပ်နိုင်တယ်ဆိုတာကော မသိဘူးလား။”

ယာဉ်မောင်း ။ ။ “ဟုတ်ကဲ့ သိပါတယ်။ အဲ့ဒီငွေတွေနဲ့ ကျွန်တော် ယာဉ် မောင်းလိုင်စင်သွားဖြေနိုင်ပါတယ်။”

ရဲသား ။ ။ “ဒါဆိုလိုင်စင်မရှိဘဲ ခင်ဗျားက ကားမောင်းတာပေါ့။”

အဲ့ဒီအချိန်မှာ ကားသမားမိန်းမက စကားကိုအမြန်ဖာပြီးပြင်ပြောလိုက်တယ်။

“တောင်းပန်ပါတယ်ရှင်၊ ကျွန်မအမျိုးသားက ဒီလိုပဲ မူးလာရင် အမြဲလျှောက် ပြောနေကျပါ။”

ရဲသားက ။ ။ “ဘာ လိုင်စင်လည်း မရှိဘူး။ အရက်သောက်ပြီးလည်း ကား မောင်းတယ် ဟုတ်လား။”

အဲ့ဒီမှာ နောက်ခန်းမှာ ထိုင်နေတဲ့ အဘွားအိုတစ်ဦးပြောလိုက်တာက

“အဲ့ဒါကြောင့် အစတည်းက ပြောတာပေါ့။ ခိုးလာတဲ့ ကားကို အမြန်မမောင်းပါနဲ့လို့ဆို။”

Phothutaw
Previous
Next Post »
Powered by Blogger.