ဓါတ်ပုံ- ရထားနှင့်တိုက်မိသော တိုယိုတာကား ( မြို့နယ်ရဲဖေ့စ်ဘုခ်မှ) |
ချင်းမိုင်မြို့ ဆာရဖီးရပ်ကွက် ဆာရဖီးဆေးရုံကြီးအနောက်ဘက်ရှိ ရထားပြေး လမ်းနှင့် ကားလမ်း ဖြတ်သန်း သည့်နေရာတွင် တိုက်မိခဲ့ခြင်းဖြစ်ပါသည်။
ညနေ ၃ နာရီခန့်ကတည်းက ချင်းမိုင်မြို့တွင် လေပြင်းမုန်တိုင်းတိုက်ခတ် မိုးသည်းထန်စွာရွာသွန်း မိုးသီးများ ကျရာက်မှု ကြောင့် အဆိုပါ တိုယိုတာကား ယာဉ်မောင်းသည် ရထားဖြတ်သန်းမည့် အချက်ပြမီးလှမ်းမမြင် နိုင်သဖြင့် ထိုသို့ ယာဉ်မတော်တဆ တိုက်မှုဖြစ်ပွါး ခဲ့ခြင်း ဖြစ်ကြောင်းရဲများအစီရင်ခံ စာတွင် ဖော်ပြထား သည်။
ကားပေါ်ပါ ပွဲချင်းပြီးသေဆုံးသူ ၇ ဦးမှာ အသက် ၂၅ နှစ်မှ ၅၀ နှစ်ကြားရှိ အမျိုးသမီး ၂ ဦး အမျိုးသား ၅ ဦးဖြစ်ပါသည်။ ထိုအနက် ၃ ဦးမှာ အမည် မသိရသေးဘဲ ကျန် ၄ ဦးမှာ စိုင်းထွန်း၊ စိုင်းဂျရယ်၊ ဖှန်မြို့နယ် မှ စိုင်းလောင်း နှင့် ဝိန်းဟိုင်မြို့နယ်မှ စိုင်းဝန်း တို့ဖြစ်ကြကြောင်း ရဲအစီရင်ခံစာ တွင် ဖော်ပြထားသည်။
ယာဉ်မောင်းဖြစ်သော စိုင်းထွန်းမှာ ဒဏ်ရာအပြင်းအထန်ရရှိသဖြင့် ဆာရဖီးဆေးရုံမှ ဆွန်ဒေါက် ဆေး ရုံကြီးသို့ပို့ဆောင်ထားခြင်း ခံရကြောင်းလည်း ရဲအစီရင်ခံစာတွင်ဖော်ပြ ထားပါသည်။
ထိုင်းနိုင်ငံ မိုးလေ၀သ ဌာနက မတ်ခ်ျလ ၂၇ ရက်နေ့အထိ ထိုင်းနိုင်ငံ တခုလုံး နွေမုန်တိုင်းကျနိုင်မည်ဖြစ် ပြီး လေပြင်းထန်စွာတိုက်ခတ်မှု မိုးသီးကြွေကျမှုများရှိနိုင်ကြောင်း ရုပ်မြင်သံကြား၊ ရေဒီယိုနှင့်သတင်းစာ မျက်နှာ များ တွင် ထုတ်ပြန်ထားပါသည်။
သျှမ်းသံတော်ဆင့်
Sign up here with your email
ConversionConversion EmoticonEmoticon