တိုက်ပဲမှာဆုံးပါးသွားတဲ့ "မောင်လေး"အတွက် "အမ" ရေးတဲ့စာ


မောင်လေး ...
နင်မှတ်မိသေးလား နင်၁တန်းလောက်ကလေ နင်ဓားကြီးကိုင်ထားရင်း ဓားကိုလွှဲလိုက်တာ ငါ့နဖူးကြီး ကွဲသွားတယ်လေ။
နင်က အဆင်းအတက် တံခါးကြားဝင်ပုန်းပြီး ချိုချိုနဲ့မေချိုတက်လာတော့ တံခါးကြားကနေထွက်ပြီး ဝါး ခနဲ လုပ်လိုက်ရော။
သိပ်ချစ်စရာကောင်းတဲ့မောင်လေး သူ့ကိုရိုက်မှာသိရဲ့သားနဲ့ တောင်သူက ဆက်ပုန်းမနေဘဲ လူတွေကိုလန့်အောင်လုပ်သေးတယ်။
နင်ကအဲ့ဒီကတည်းက ရန်သူကိုထိပ်တိုက်တွေ့တတ်တဲ့မောင်လေးလေ ၁တန်းတုန်းကနင့်ရန်သူတွေက နင့်ကိုသိပ်ချစ်တဲ့ ချိုချိုနဲ့ မေချိုလေ။
နင့်ကို ရိုက်မယ်ဆိုပြီး ငါရှေ့ကနေအောက်ကိုခေါ်သွားတာ ငါကျေနပ်အောင် ဒါပေမဲ့ နင့်ကိုတကယ်မရိုက်ကြဘူးလေ။
မောင်လေးရယ် ခုရန်သူကတော့နင့်တို့ကိုသတ်မဲ့ရန်သူ အဲ့ဒီ၇န်သူကိုမှနင်ကထိပ်တိုက်ရင်ဆိုင်ရသလား မောင်လေးရယ်။
ငါ့မောင်လေး ငါအိပ်လို့်လည်းမပျော်ဘူး နင့်အကြောင်းတွေ်မတွေးဘဲနဲ့ပေါ်လာတယ်ဟ။
နင့်ဓာတ်ပုံမကြည့်ရဲဘူး ငါ့ရင်တွေနာလွန်းလို့ပါ ကလေးလေးရယ်...

မောင်လေး...
နင်ဘယ်လိုလေးများကျဆုံး ခဲ့ရလဲ
ဘယ်လက်နက်ထိတာလဲ
ဘယ်နေရာထိသွားလဲဟင်
ဘယ်နှစ်ချက်တောင်ထိခဲ့လဲမောင်လေးရယ် နင်နာနေလားဟင်
ငါစစ်ကားတွေကြည့်ဖူးတာပဲမောင်လေးရဲ့၊ နင်မလိမ်ရဘူးနော်
နင်အရမ်းနာနေမှာ လက်နက်သံတွေကြားတော့လည်းနင်ကြောက်နေရှာမှာ။
ကလေးလေးရယ် ငါတောင်စဉ်းစားရင်းကြောက်နေတာမသေခင်လေးကိုမချိမဆန့်ခံစားနေရမှာဟာ။
အရွယ်နဲ့မလိုက်တဲ့ နာကျင်မှုကြီးပါလား။

မောင်လေးရယ်...
ငါနင့်ကိုသနားလိုက်တာ ငါ့မောင်လေး ဆေးလေးတောင်မကုပေးရဘူး။
ငါ့မောင်လေး နေမကောင်းလို့ဆေးလေးတောင်မတိုက်လိုက်ရဘူး။
မောင်လေးရယ် နင့်အဖြစ်ကြီးကဆိုးလိုက်တာမောင်မောင်လေးရယ်...

မောင်လေး...
ငါလေ တစ်ပတ်ကိုသက်သက်လွတ်ငါးရက်စားတယ်။
ငါတို့မိသားစုငါးယောက်အတွက်ပေါ့ နင့်ကိုကျန်းမာစေချင်လို့အန္တရယ်ကင်းစေချင်လို့လေ။
ဒါပေမယ့် ငါ့ကောင်းမှုအထမမြောက်ခဲ့ဘူး။
ဒါပေမယ့် ငါနင့်နေ့လေးအတွက်ငါသက်သက်လွတ်အမြဲစားမှာပါ ငါ့မောင်လေးရောက်၇ာဘုံဘဝမှာ အန္တရယ်ကင်းဘေးကင်းပါစေ...

မောင်လေး
နင်အရမ်းချမ်းနေမှာနော် နင်ဗိုက်တွေလည်းဆာနေမှာ။
ဗိုက်ဆာရင်နင့်မျက်နှာလေးက သနားစရာလေး မုန်လည်းသိပ်စားတဲ့ မောင်လေးယယ
နင့်တပည့်က ဘာပြောလဲသိလား ဗိုလ်ကြီးကတပ်မှာနေရင်မုန့်ခဏခဏဝယ်စားတာပဲဗျာတဲ့။
ကလေးဆိုးကြီး ခုနင်ဗိုက်တွေဆာနေမှာငါသိတယ် မောင်လေးရယ်
ကလေးလေး ငါ့မောင်လေး ငါရင်တွေကွဲကုန်ပြီ ငါလေ အော်အော်ပြီးသာငိုလိုက်ချင်တယ် မငိုရဲဘူး မပြောရဲဘူး ငါတို့အမေလေ နင့်ကိုသိပ်ချစ်တဲ့အမေ့အတွက် ငါအားတင်းထားရတယ်
ငါအားတင်းထားပါတယ်ကလေးလေးရယ်

မောင်လေး..
ငါသရဲသိပ်ကြောက်တယ်
နင့်ကိုတော့မကြောက်ဘူး ငါ့ကိုလာတွေ့ပါ အိမ်မက်လေးထဲဖြစ်ဖြစ်လာခဲ့ အိမ်မက်ထဲမှာသာတွေ့ခွင့်ရရင် စကားနွေပြောခွင့်ရရင် ငါမထတော့ဘူး
အပြီးတိုင်အိပ်စက်မယ် နော် မောင်လေး ငါ့ဆီကိုလာတွေ့ပါ
မောင်မောင်လေးရယ်

မောင်လေး
နင့်သူငယ်ချင်းတွေလာရင် ငါ့မောင်လေး နင်တို့ဆီလာလာဲး လို့မေးလိုက်ချင်တယ်
မောင်လေး
အမျိုးတွေလာရင်မောင်လေးပြန်လာမှာလားလို့မေးလိုက်ချင်တယ်
မောင်လေး
နင့်ရဲ့ဒုတပ်ရင်းမှူးကြီးကိုတွေ့ရင်မောင်လေးကိုဘယ်တော့ပြန်ပို့ပေးမှာလဲမေးလိုက်ချင်တယ်
မောင်လေး
နင့်ဆရာမတွေလာရင် သမီ်း မောင်လေး ကျူရှင်မှာလား ကျောင်းမှာလားလို့မေးလိုက်ချင်တယ်
မောင်လေး
အမေကြီးနဲ့အဖေကြီး ချိုချိုနဲ့ အမေကြီးသီလှိုင်ကိုတွေ့ရင် မောင်လေး ကသမီးတို့ကိုတကယ်ထားသွားတာလားလို့မေးလိုက်ချင်တယ်
မောင်လေး
နင့်ကိုတွေ့ရင် ငါမေးခွန်းတွေမေးမနေတော့ဘူး သူပုန်တွေကြားကနင့်ကိုငါငယ်ငယ်တုန်းကနင့်ကိုပွေ့ချီသလိုမပွေ့နိုင်ပေမယ့် နင့်လက်ကိုမိမိရရဆုပ်ကိုင်ပြီး အတင်းထွက်ပြေးလာခဲ့မှာ ငါ့မောင်လေးကိုဘယ်သူမှပစ်လို့မရအောင်ငါ ဝှက်ပြီးခေါ်လာခဲ့မှာ
မောင်လေး
ပါးစပ်ကဂုဏ်ယူပေမယ့် ရင်ထဲကဂုဏ်မယူနိုင်ဘူး ငါတို့ရင်တွေကွဲနေပြီ ငါတို့ရင်တွေထဲမှာမချိမဆန့်ခံစားနေရပြီ မောင်လေးရယ် ကလေးလေးရယ်

မောင်လေး...
လှေကား အတက်အဆင်းကိုမဆင်းချင်ဘူး ငါ့ကိုစပြီးအော်ပြေးတဲ့နင့်ကိုသတိရလို့
မောင်လေး
အမွှာတို့ဆိုင်မသွားချင်ဘူး နင့်ကိုအကျီင်္အမြဲဝယ်ပေးနေကျဆိုင်မို့လို့
မောင်လေး
ခြောက်သီးသုတ်မစားချင်ဘူး အမြဲလုစားတတ်တဲ့ နင့်ကိုသတိရလို့
မောင်လေး
အိပ်ယာ မသိမ်းချင်ဘူး အိပ်ယာသိမ်းခိုင်းတတ်တဲ့ နင့်ကိုသတိရလို့
မောင်လေး
ကျောင်းလည်းမသွားချင်ဘူး နင်အကြိုအပို့လုပ်ပေးတာကိုသတိရလို့
မောင်လေး
ငါတို့မောင်နှတွေပုံမကြည့်ချင်ဘူး ငါ့ကိုရုပ်ဆိုးတယ်လို့ပြောတဲ့နင့်ကိုသတိရလို့
မောင်လေး
TVမကြည့်ချင်ဘူး ကာတွန်းကားနဲ့ဟာသကားမှကြည့်တဲ့နင့်ကိုသတိရလို့
မောင်လေးရယ် ငါနင့်ကိုလွမ်းလိုက်တာ ကလေးလေး၇ယ်...

Pyone Phyu Sin Mon
Previous
Next Post »
Powered by Blogger.