ဆာလ်ဟီဟာ မော်ရိုကိုနိုင်ငံရဲ့အသန်မာဆုံး အမျိုးသမီး အဖြစ် သတ်မှတ်ခြင်းခံလိုက်ရ ပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ ဆာလ်ဟီဟာ အလေးချိန် တစ်တန်ခွဲနီးပါးရှိတဲ့ မာစီဒီးကားကို ဆံပင်နဲ့ ဆွဲပြနိုင်ခဲ့ ခြင်းကြောင့် ဖြစ်ပါတယ်။ ဆာလ်ဟီဟာ ဆယ်ကျော်သက် အရွယ်သာ ရှိသေးတဲ့ မိန်းကလေးငယ် တစ်ဦး သာ ဖြစ်ပြီး ရုပ်သံ အစီအစဉ်တစ်ခု အတွက် ရိုက်ကူးမှု ပြုလုပ်ရာမှာ သူ့ရဲ့သန်မာမှုကို ထုတ်ပြနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
ဆာလ်ဟီဟာ သူ့ရဲ့ကျစ်ဆံမြီးဆံပင်မှာ ကြိုးတွေကို ချည်နှောင်ပြီး၊ ကားကို (၃၂)ပေ အထိ ရောက်အောင် ဆွဲသွားခဲ့ခြင်း ဖြစ်ပါတယ်။ အလွန် အံ့အားသင့်စရာကောင်းတဲ့ စွမ်းဆောင်မှု တစ်ခု ဖြစ်ပါတယ်။ ဒီအစီအ စဉ်ကို လာရောက် ရိုက်ကူးမှု ပြုလုပ်တဲ့ အစီအစဉ် ကြေညာသူ ဂျွန်နသန်ရို့စ်က မော်ရိုကို မှာ စွန့်စားခန်း
တွေကို ကြိုက်နှစ်သက်သူ အများအပြား ရှိကြောင်း၊ သို့သော်လည်း အမျိုးသမီးငယ် တစ်ဦး ခက်ခဲ ကြမ်း တမ်းစွာ ဆောင်ရွက်ခဲ့ ခြင်းမှာ အလွန်အံ့အားသင့်စရာ ဖြစ်ကြောင်း ပြောကြားသွားခဲ့ ပါတယ်။
ဆာလ်ဟီဟာ ကားကို ဆွဲရာမှာ အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့ခဲ့ရ ပါတယ်။ ဘေးပတ်ဝန်းကျင်က လူတွေက ဆာလ်ဟီကို အော်ဟစ်အားပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ နောက်ဆုံးမှာ ဆာလ်ဟီဟာ ရည်မှန်းချက် အတိုင်း ဆောင်ရွက် နိုင်ခဲ့ပါတယ်။ ဆာလ်ဟီက မိမိအနေဖြင့် ယခုကဲ့သို့ စွမ်းဆောင်နိုင်ခဲ့ခြင်း အတွက် နာကျင်မှု မဖြစ်ကြောင်း၊ မော်ရိုကို အမျိုးသမီး တစ်ဦး အနေဖြင့် နိုင်ငံ့ ဂုဏ်ဆောင်နိုင်ခဲ့လို့ ကျေနပ်မိကြောင်း၊ မိမိ အနေဖြင့် မော်ရို ကိုနိုင်ငံ၏ အသန်မာဆုံး အမျိုးသမီး တစ်ဦး ဖြစ်လိုကြောင်း ပြောကြားသွားခဲ့ ပါတယ်။ ဆာလ်ဟီဟာ အသက် ကိုးနှစ်အရွယ် ကတည်းက စွန့်စားခန်းတွေကို စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။
messenger

Sign up here with your email
ConversionConversion EmoticonEmoticon