သူမဟာ ဗြိတိန်နိုင်ငံမှာ နေထိုင်ပြီး သင်္ချာဘာသာရပ် ဒီဂရီတစ်ခုအတွက် မကြာသေးခင်ကမှ UK တက္က သိုလ် တစ်ခုမှာ ဝင်ခွင့်ရရှိခဲ့သူ ၁၀ နှစ်အရွယ် နိုက်ဂျီးရီးယား ကလေးမလေး ဖြစ်ပါတယ်။ UK နိုင်ငံ Walsall မှာ နေထိုင်တဲ့ Esther Okade ဟာ တခြားဆယ်နှစ်ကလေးတွေလို အရုပ်တွေနဲ့ ကစားတုန်း ဖြစ်ပါတယ်။ ဒီအသက်အရွယ်မှာ သင်္ချာဘာသာရပ်နဲ့ ဘွဲ့တစ်ခုရယူဖို့ တက္ကသိုလ်တက်ခွင့် ရခဲ့တဲ့ အသက် အငယ်ဆုံး အာဖရိကန်လူမျိုးလည်း ဖြစ်ပါတယ်။
သူမဟာ Open University ကို တက်ရောက်ရတော့မှာပဲဖြစ်ပါတယ်။ Esther Okade ဟာ ထူးချွန် ထက်မြတ်လွန်းတာကြောင့် မကြာသေးမီကမှ ဖြေဆိုတဲ့ စာမေးပွဲမှာ အမှတ်ပြည့် ရရှိတဲ့ အတော်ဆုံး
ကျောင်းသူလေးလို့ ဆိုပါတယ်။ အရင်ကတည်းက Estherဟာ တက္ကသိုလ်တက်ချင်နေခဲ့ပြီး Open University တက်ခွင့်ရရှိတာဟာ သူမအတွက် အိမ်မက် အမှန်တကယ် ဖြစ်လာခြင်းပါပဲ။ပထမဆုံး အဆင့်ဂုဏ်ပြုခြင်း ရယူလိုသူနဲ့ ကိုယ်ပိုင်ဘဏ်လုပ်ငန်း ဆောင်ရွက်ချင်သူဖြစ်ပြီး ရည်ရွယ်ချက်ကြီးမားတဲ့ ကလေးမတစ်ယောက်ဖြစ်ပါတယ်။ Esther ရဲ့မိခင်က သူမအား အမြဲအားပေးနေခဲ့ပြီး သူမ တက္ကသိုလ် တက်ခွင့်ရရှိတဲ့ ဖြစ်စဉ်ဟာ စိတ်ဝင်စားဖို့ အတော်လေးကောင်းတယ်လို့ ဆိုပါတယ်။
Trend Myanmar
Trend Myanmar
Sign up here with your email
ConversionConversion EmoticonEmoticon