ရွှေဂုံတိုင်ခုံးကျော်တံတား အဆင်း၌ ယာဉ်တိုက်မှုဖြစ်ပွား

ဓာတ်ပုံ-တင်စိုး
ရန်ကုန်မြို့ ကမ္ဘာအေးဘုရား လမ်းပေါ်ရှိ ရွှေဂုံတိုင် ခုံးကျော်တံတားအဆင်း ပွင့်သစ်စမ်းစားဖွယ်စုံ လက် ဖက်ရည်ဆိုင်ရှေ့၌ မတ်လ၂၂ရက်နေ့ ညနေ ၃ နာရီက ယာဉ်တိုက်မှု တစ်ခုဖြစ်ပွား ခဲ့သည်။

ဖြစ်စဉ်မှာ ကမ္ဘာအေး ဘုရားလမ်း အတိုင်း တောင်မှမြောက်သို့ မောင်းနှင် လာသော ယာဉ်မောင်း ကောင်း ထက် ကျော် (၂ဝ နှစ်)၏ 3F/------ (Honda Civic) (အဖြူရောင်) ကားသည် ရွှေဂုံတိုင်ခုံးကျော် တံတားအ ဆင်း လက်ဖက်ရည် ဆိုင်ရှေ့သို့အရောက်တွင် အရှိန် ပြင်းစွာဖြင့် လမ်းလယ်ကတ်တုံးများကို ဝင်တိုက်မိပြီး ပက်လက်အနေ အထားတိမ်းမှောက်ခဲ့သည်။

ထို့အပြင် အရှိန်ပြင်းစွာဖြင့် အတိုက်ခံရသော လမ်းလယ်ကတ်တုံးများမှ တစ်ဆင့် တစ်ဖက်လမ်းအတိုင်း မောင်းနှင်လာသော ယာဉ်မောင်း ကံထူးတင်သိန်း (၂၉ နှစ်) ၏ AA/-------(Corolla Toyota) အငှား ယာဉ်ကို ကတ်တုံး များက အရှိန်ပြင်းစွာဖြင့် ဝင်တိုက် ခဲ့ရာ အဆိုပါအငှားယာဉ်မှာ ရှေ့ပိုင်း ဝဲဘက် ထိခိုက်မှုဖြစ်ခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှုတွင် ယာဉ်မောင်း ကောင်းထက်ကျော်(၂ဝ နှစ်)၏ 3F/-------- Honda Civic (အဖြူရောင်)ယာဉ်ပေါ်တွင် ယာဉ် မောင်းနှင့် အမျိုးသမီးတစ်ဦးသာ လိုက်ပါခဲ့ပြီး တစ်ဖက်ယာဉ်ကြောမှ ဗိုလ်ချုပ်ဈေးသို့ မောင်းနှင်လာသော အငှားယာဉ်ပေါ်တွင်လည်း နိုင်ငံခြားသား ဂျပန်ခရီးသည်တို့လိုက်ပါ ခဲ့ကြရာ တစ်ဦးတစ်ယောက်မျှ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ခြင်းမရှိ ကြောင်း သိရသည်။

'' ခုအကြိမ်တိုက်တာက အပြင်း ထန်ဆုံးဖြစ်မယ်နဲ့ တူတယ်။ ဟို တစ်လောတုန်းကလည်း ခုလိုပဲ ဒီတံတား အဆင်းမှာ ကားတစ်စီး အရှိန်လွန်ပြီး ကတ်တုံးတွေကို ဝင်တိုက်သွားသေးတယ်။ ဒီနေရာက အဆင်းက လည်းဖြစ်ပြန်၊ တံတား ကလည်း နည်းနည်းကောက်နေတော့ ယာဉ်မောင်းတွေ သတိထားရမယ့် နေရာဖြစ်နေတယ်''ဟု အနီးအနား တွင် နေထိုင်သည့် မျက်မြင်ပြည်သူ တစ်ဦးက ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ယဉ်ကို မဆင်မခြင်မောင်းနှင်သည့်ယာဉ်မောင်းကို ယာဉ်မှုစစ်က အရေးယူ လျက်ရှိကြောင်း သိရ သည်။

မောင်စိန်လွင် - မြန်မာ့အလင်း
Previous
Next Post »
Powered by Blogger.