တရုတ်နိုင်ငံမှ အမျိုးသား တစ်ဦးသည် အရုပ်ဆိုးဆိုး သတို့သမီးကို လက်မထပ်လိုသဖြင့် မိမိကိုယ်ကိုယ် အဆုံးစီရင်ရန် ကြိုးပမ်းခဲ့ကြောင်း သတင်းရရှိသည်။
နိုင်ငံအလယ်ပိုင်း ဟူဘေးရှိ ရှီယန်းမြို့မှ ရေကန်တစ်ကန်ထဲ ခုန်ချပြီး သေကြောင်းကြံရန် ကြိုးပမ်းသည့် အမျိုးသားကို ရဲများက ကယ်တင်နိုင်ခဲ့သည်။ အဆိုပါ အမျိုးသားသည် ယခုအခါ ဆေးရုံတွင် ကုသမှု ခံ ယူနေပြီး မကြာမီ အပြည့်အဝ ပြန်လည် ကျန်းမာလာမည်ဟု မျှော်လင့်ရသည်။
၎င်းကို ကယ်တင်ခဲ့သည့် ရဲအရာရှိ ဟူကွန်ရှန်းက “ရေကန်ထဲမှာ အမျိုးသားတစ်ယောက် မှောက်လျက်ကြီး ပေါ်နေတာ ကျွန်ေတာ် သတိထားမိတယ်။ သူ့အခြေအနေကို ရုတ်တရက် မသိသေးဘူး။ အနီးကပ် သွား ကြည့်တော့မှာ တော်တော်လေး ဆိုးနေတာ သိရတယ်”ဟု ဆိုသည်။ ဟူသည် ဂျာကင်အင်္ကျီကိုပဲ မချွတ် အားတော့ဘဲ ရေကန်ထဲ ချက်ချင်း ဒိုင်ဗင်ထိုးချပြီး ၎င်းကို ကယ်ဆယ်ရန် ကြိုးစားခဲ့သည်။
“သူ့ကိုကျွန်တော် နံရံဘက် ဆွဲတင်ဖို့ ကြိုးစားတယ်။ ဒါပေမဲ့ သူ့ကို ရေထဲက ဆယ်ထုတ်ဖို့ တစ်ယောက် တည်း အားနဲ့တော့ မလုပ်နိုင်ဘူးလေ။ ဒါကြောင့် ကယ်ဆယ်ရေးတွေ ရောက်လာတဲ့ထိ မှေးပြီး စောင့်နေ ခဲ့ရတယ်”ဟုလည်း ဟူက ရှင်းပြခဲ့သည်။ မီးသတ်သမားများ ရောက်လာချိန်တွင် ၎င်းတို့သည် လုံခြုံရေး ကြိုးများကို အသုံးပြုကာ အမျိုးသားကို ရေထဲမှ ဆွဲထုတ် ချီမခဲ့ကြပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။
ရဲများက သေကြောင်းကြံသည့် အမျိုးသားကို စုံစမ်း မေးမြန်းရာ ၎င်းသည် မိဘများ စီစဉ်သည့် လက်ထပ်ပွဲ တစ်ခုအတွက် စိတ်ပျက်နေသူဖြစ်ပြီး အလွန်အရုပ်ဆိုးသည့် သတို့သမီးကို မပေါင်းဖက်လို၍ ကြံမိကြံရာ ကြံခဲ့ခြင်းဟု ထွက်ဆိုခဲ့သည်။ “အဲဒီလူက တော်တော်လေး ဝမ်းနည်းနေတာ။ ဒီလက်ထပ်ပွဲကို သူ့မိသားစု က စီစဉ်တာတဲ့။ မိသားစုကတော့ သူ့ကို အိမ်ထောင်ချပေးချင်တာပေါ့။ သူကတော့ အမျိုးသမီးရဲ့ ရုပ်ရည်ကို တော်တော် စိတ်ပျက်နေတယ်။ သူ့မိသားစုက အတင်းအကျပ် ဖိအားပေးတော့ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံဖို့ ဆုံးဖြတ်လိုက်တာပဲ”ဟု ဟူက ပြောကြားသွားသည်။
7 Day
Sign up here with your email
ConversionConversion EmoticonEmoticon