အမေရိကန်မှ မြန်မာနိုင်ငံသို့ ကြက်သားတန်ချိန် ၅၀ တင်သွင်းခွင့် ဂရန်းဝင်းကုမ္ပဏီရရှိ


အမေရိကန်နိုင်ငံမှ ကြက်သားတန်ချိန် ၅၀ တင်သွင်း ခွင့်ကို ပထမဆုံးအကြိမ်အဖြစ် ဂရန်းဝင်းကုမ္ပဏီက ခွင့်ပြုချက် ရရှိခဲ့ကြောင်း မြန်မာနိုင်ငံမွေးမြူ ရေးလုပ်ငန်းအဖွဲ့ချုပ်မှ သတင်း ရရှိသည်။

အမေရိကန်ဒေသထွက် ကြက်သားတင်သွင်းခွင့်ကို ပြည် တွင်းကုမ္ပဏီလေးခုက ကြိုးစားခဲ့ ရာ ၂၀၁၅ အတွင်း ကြက်သား တန်ချိန် ၅၀ တင်သွင်းခွင့်ကို ဂရန်းဝင်းကုမ္ပဏီက ရရှိခဲ့ခြင်း ဖြစ် သည်။ အထက် ပါ ဆုံးဖြတ်ချက် ကို မွေးမြူရေးလုပ်ငန်းရှင်များ ဖြင့် ဖွဲ့စည်းထားသော အသားတင် သွင်းခွင့် ဘုတ်အဖွဲ့က ၂၀၁၄ နိုဝင်ဘာတွင် ယင်းကုမ္ပဏီကို ခွင့်ပြုမိန့်ထုတ်ပေးခဲ့ကြောင်း မြန်မာ နိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် အကြံပေးဒေါက်တာသန်းလှက ဖေဖော်ဝါရီ ၂၆ ရက်၌ ပြော သည်။

‘‘အမေရိကန်က ကြက်သား တန် ၅၀ တင်သွင်းခွင့်ပြုခဲ့တယ် ဆိုတာ ၂၀၁၅ တစ်နှစ်လုံးအတွက် ပါ။ ဟိုတယ်တွေအတွက် တစ်လ မှာ ၁၀ တန်၊ တန် ၂၀ လောက်စီ ပဲ နည်းနည်းချင်း သွင်းနေတာပါ။ ဈေးကွက်ကို မထိခိုက်ပါဘူး’’ ဟု ဒေါက်တာသန်းလှက ပြောသည်။ ဖေဖော်ဝါရီ ၁၇ ရက်တွင် ကြက် သားကီလိုဂရမ် ၅၀၀ တင်သွင်းခဲ့ ကြောင်း သတင်းရရှိသည်။

အမေရိကန် သမ္မတရုံးမှ အ ဆင့်မြင့်ကုန်သွယ်ရေးအရာရှိ တစ်ဦး၊ မြန်မာနိုင်ငံရှိ အမေရိကန် သံရုံးမှ စီးပွားရေးသံမှူးနှင့် ဘန် ကောက်အခြေစိုက် ကုန်သွယ်ရေး အကြံပေးတစ်ဦးတို့သည် ကြက် သားနှင့် အမဲသားကို မြန်မာနိုင်ငံ သို့ တင်ပို့ရန် ဌာနဆိုင်ရာမှ တာ ၀န်ရှိသူများနှင့် နေပြည်တော်၌ ဆွေးနွေးခဲ့ပြီး
နောက် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

အမေရိကန်နိုင်ငံသာမက အသားများစွာ ထုတ်လုပ်နိုင် သော ထိုင်း၊ ဂျာမနီ၊ ဘရာဇီး၊ သြစတြေးလျ၊ ဂျပန်နှင့် ကနေဒါ နိုင်ငံများကလည်း ဟိုတယ်နှင့် စားသောက်ဆိုင်သုံး ကြက်သား များ တင်သွင်းရန် ကမ်းလှမ်းမှုများ ရှိနေကြောင်း မြန်မာနိုင်ငံမွေးမြူ ရေးလုပ်ငန်းအဖွဲ့ချုပ် တွဲဖက်အ တွင်းရေးမှူး ဦးမြင့်သူက ပြော သည်။

‘‘သူတို့အသားတွေက အ ရည်အသွေး အကောင်းဆုံး၊ ဈေး နှုန်းအမြင့်ဆုံးနဲ့ ဟိုတယ်တွေက တောင်းဆိုတဲ့ အတိုင်း သွင်းလာ ကြတာ။ သူတို့ရဲ့ မွေးမြူရေးစနစ် နဲ့ အစာကျွေးတဲ့စနစ်တွေက ကောင်းလို့ပဲ’’ ဟု ၎င်းက ပြော သည်။

ဂရန်းဝင်းကုမ္ပဏီသည် အမေရိကန်နိုင်ငံမှ ကြက်သား တန်ချိန် ၅၀၊ ဘဲသားတန်ချိန် ၁၀၀၊ အမဲသားတန်ချိန် ၅၀ ကို ၂၀၁၅ အတွင်း တင်သွင်းခွင့်ရရှိ ပြီး နေခြည်ဦးကုမ္ပဏီက ၀က်သား တန်ချိန် ၄၀ ကို ရှမ်းပြည်နယ် အ ရှေ့ပိုင်း နယ်စပ်ကုန်သွယ်ရေးမှ တစ်ဆင့် တင်သွင်းခွင့် ရရှိထား ကြောင်း စုံစမ်းသိရသည်။

မြန်မာနိုင်ငံမှ ထုတ်လုပ် သည့် အသားမျိုးစုံသည် ကောင်း မွန်သော နည်းစနစ်များနှင့် ကောင်းမွန်သော ထုတ်လုပ်မှုလုပ် ငန်းစဉ်များကို လိုက်နာပြီး ရောဂါ ပိုးမွှားကင်းစင်ကြောင်း အာမခံ နိုင်ရန် လိုအပ်နေသေး သည်။ အဆိုပါ လိုအပ်ချက်များ ဖြည့် ဆည်းပြီး ပြည်တွင်းထုတ်အသား များကို ဟိုတယ်များက လက်ခံ အသုံးပြုလာချိန်တွင် ပြည်ပနိုင်ငံ မှ အသားများတင်သွင်းရန် လို အပ်တော့မည် မဟုတ်ကြောင်း ဒေါက်တာ သန်းလှက ပြောသည်။

သန်းဌေး | 7Day
Previous
Next Post »
Powered by Blogger.