သီရိရှင်းသန့်(မော်ဒယ်သရုပ်ဆောင်)
တိုက်ပွဲဒုက္ခသည်တွေ၊ တိုက်ပွဲ ရှောင်ဒုက္ခသည်တွေကို ဒီမှာလာပြီး တော့ ကူညီပေးပါတယ်။ သူတို့လိုတဲ့ ပစ္စည်းတွေ၊ တတ်နိုင်တဲ့ဘက်က လုပ်အားဒါနတွေ လုပ်ပေးတယ်။ ပြီးတော့ ကိုယ်တတ်နိုင်သလောက် လည်း ကူညီပေးတာပေါ့။ ဆရာတော် ကြီးရဲ့ ညွှန်ကြားချက်အတိုင်း အမြဲ တမ်းလာပြီး ကူညီပေးပါတယ်။ ဇာတိ ကတော့ လားရှိုးကပါ။ ဘယ်လိုသိ တာလဲဆိုတော့ ဖေ့(စ်)ဘွတ်(ခ်)ကနေ သိပြီးတော့ ဒီမှာတိုက် ပွဲရှောင်တဲ့ တိုက်ပွဲဒုက္ခသည်တွေကို ကူညီထား တယ်ဆိုတာ သိခဲ့တယ်။ အဲဒီသတင်း ကြားတဲ့အခါ ကိုယ်ကိုယ်တိုင်လည်း စိတ်ထဲမှာ အလွန်ဝမ်းနည်းတယ်။ နေ့တိုင်းမြင်နေရတဲ့ သတင်းကို ကြည့်ပြီးတော့ မျက်ရည်ကျမိတယ်။ ရင်ထဲမှာလည်း မကောင်းဘူး။ အဲဒါ ကြောင့်မို့လို့ ကိုယ့်ရဲ့လုပ်အားဒါန လေးပဲဖြစ်ဖြစ် ကူညီချင်တဲ့ စိတ်ရှိတဲ့ အတွက်ကြောင့် ဒီကိုရောက်လာတာ ပါ။
ဆရာတော်ကြီးက တိုက်ပွဲဒုက္ခ သည်တွေအကုန်လုံးကို ကူညီထား တယ်။ ပြီးတော့ ဒီမှာလိုအပ်တဲ့ ဆေးဝါးကုသခံယူသူတွေ၊ အစား အသောက်အနေအထား၊ သူတို့ရဲ့ မွေးရပ်ဇာတိမြေကိုလည်း ပို့ပေး တယ်ဆိုတာလည်း ကြားတယ်။ ဒီကျန်ရစ်ခဲ့တဲ့ မိသားစုတွေနဲ့အတူ စိတ်ထဲမှာ အလွန်ကို ဝမ်းနည်းမိပါ တယ်။ တပ်မတော်ကိုလည်း စိတ်ထဲ မှာ ဂုဏ်ယူတယ်။ ကျန်ရစ်ခဲ့တဲ့ မိသားစုတွေအတွက် စိတ်ဓာတ်ခွန် အားလေးတွေပေးချင်ပါတယ်။ အား မလျှော့ပါနဲ့လို့ အားလုံးဝိုင်းဝန်းပြီး တော့ ပြည်သူတွေကလည်း စောင့် ရှောက်မှာပါလို့ ပြောချင်ပါတယ်။
တချို့ဆိုရင် ငါးရက်လောက် လမ်းလျှောက်ပြီးတော့ လာရတာရှိ တယ်။ တချို့ဆို သေနတ်မှန်ပြီးတော့ လာရတာရှိတယ်။ အဲ့ဒီအတွက်ကို ဒီမှာရှိတဲ့ဆရာတွေက ဆေးရုံတွေ ပို့ပေးတယ်။ ပြီးတော့ ဒီမှာရှိတဲ့ စေတနာ့ဝန်ထမ်း၊ သူနာပြုလေးတွေ ရယ်၊ တပ်မတော်က စစ်ဘက်ဆိုင်ရာ က ဆရာဝန်တွေရဲ့ အကူအညီတွေ ယူပြီးတော့ တတ်နိုင်တဲ့ဘက်က ဆေးဝါးကုသမှုတွေ လုပ်ပေးနေပါ တယ်။
နိုင်ငံ တစ်နိုင်ငံမှာ သမ္မတဆိုတာ ကိုယ့်ရဲ့ ဖခင်ပါပဲ။ ဖခင်ဆိုတာ ကိုယ့်ရဲ့သားသမီးတွေ ဒုက္ခရောက် နေတာကို အခုလိုမျိုး လာပြီးတော့ ကြည့်တာ၊ ဖေးမကူညီတာ၊ စောင့် ရှောက်တာ ဝမ်းသာပါတယ်။ အလွန် လည်းကြိုဆိုပါတယ်။ စိတ်ထဲမှာ လည်း အလွန်ပဲကြည်နူးမိပါတယ်။
ဦးကျော်ဇောထူး...
လောက်ကိုင်ခရိုင်ဦးစီးမှူး
ကြက်ခြေနီသူနာပြုတပ်ဖွဲ့
ကျွန်တော်ကတော့ လောက်ကိုင် ခရိုင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဦးစီး မှူးပါ။ လောက်ကိုင်ခရိုင်ဒေသ တစ်ခုလုံးမှာရှိတဲ့ တိုက်ပွဲသင့်ပြည်သူ တွေအတွက် ကယ်ဆယ်ရေးလုပ်ငန်း တွေကို အများကြီးဆောင် ရွက်ခဲ့ပါ တယ်။ ကျွန်တော်တို့ဖြစ်တဲ့နေ့က ၂၁ ရက်နေ့ကပါ။ ၂၁ ရက် မွန်းလွဲ ၁ နာရီလောက်အချိန်မှာ လောက် ကိုင်မြို့ကနေ ထွက်ခွာလာခဲ့ပါတယ်။ ထွက်ခွာလာပြီး လမ်းမှာ ကြံခုတ် လုပ်သားအယောက် တစ် ရာလောက် လမ်းလျှောက်လာကြတာတွေ့တယ်။ အဲဒါတွေကို ကျွန်တော်တို့က ပြန် ကြပါ။ ရှေ့မှာ အန္တရာယ်တွေ သိပ် များနေတယ်။
ကြက်ခြေနီရုံးမှာ ကယ်ဆယ်ရေးစခန်း ဖွင့်ထားပါ တယ်။ သူတို့တွေကို ကယ်ဆယ်ရေး ယာဉ်တန်းကား
တွေ အပြန်ရရှိအောင် ကွမ်းလုံကြက်ခြေနီတွေနဲ့ ချိတ်ဆက် ပြီးတော့ ကျွန်တော်ကြိုးစားဆောင် ရွက်ပါမယ်။ ရှေ့ကနေ ကျွန်တော်ပွိုင့် ပြေးပြီးတော့ ကြိုးစားဆောင်ရွက် ပါ့မယ်လို့ ပြောပြပါတယ်။ ဒါပေမယ့် တချို့ လူတွေကတော့ ကျွန်တော်တို့ လျှောက်နိုင်သလောက် လျှောက်မယ် ဆိုပြီးတော့ လမ်းလျှောက်လာကြ တယ်။ အဲဒီအချိန်မှာ လုံးဝလမ်း လျှောက်လို့ မရနိုင်တော့တဲ့လူတွေ ကိုတော့ ကျွန်တော့်ကားပေါ်မှာ အကုန် တင်လာခဲ့တယ်။ နောက်ထွက် လာတဲ့အချိန်မှာ ကျွန်တော်တို့ လုံထန်အောက်ရွာနဲ့ ခွေးတစ်မော့ အတက် ကြား နောက်ဆုံးရွာလေး ရောက်တဲ့အချိန်မှာ ကျွန်တော်တို့ ကားကို တောင်ပေါ်ကနေ လက်နက် တွေနဲ့ တရစပ်ပစ်ခတ် တိုက်ခိုက် တာကို ခံခဲ့ရပါတယ်။
အဲဒီအချိန်မှာ ကျွန်တော့်လက်မောင်းကို ဖြတ်မှန် ပြီးတော့ မျက်နှာကို ကျော်ထွက်သွား ပါတယ်၊ လက်မောင်းတစ်ခုလုံးပြုတ် ကျသွားသလိုမျိုးဖြစ်သွားပြီးတော့ ကျွန်တော်လုံးဝမလှုပ်ရှားနိုင်တော့ ပါဘူး။ တိုက်ပွဲ ၁၅ မိနစ်လောက် ဖြစ်ပြီးတော့ ငြိမ်သွားပါတယ်။
ကျွန်တော်တို့ အဲဒီမှာ ကြက်ခြေနီ အင်္ကျီကို သူတို့ဘက်ကို မြင်အောင် ပြပြီးတော့ အဲဒီကားဘေးနားမှာပဲ မှောက်ပြီးနေလိုက်ပါတယ်။ အဲဒီ အချိန်မှာသူတို့ ၁၅ မိနစ်လောက် ဆက်ပြီးပစ်ပါတယ်။ ဆက်ပစ်တဲ့ အချိန်မှာ လက်နက်ကြီးတွေလည်း ကျပါတယ်။
လက်နက်ကြီးတွေကျ တော့ ကျွန်တော့်ကားဆို ကားဘီး တွေရော ဆီတိုင်ကီတွေပါ အကုန် လုံးပွင့်ထွက် သွားပါတယ်။ အဲဒီအချိန် မှာ ကားပေါ်မှာ တိုက်ပွဲဒုက္ခသည် တွေပေါ့နော်။ အဲဒီအမျိုးသမီးတွေနဲ့ ကလေးတွေ ကတော့ နည်းနည်း ပါးပါးပဲ ဒဏ်ရာရတယ်။
လုံးဝအသေ အပျောက်တော့မရှိပါဘူး။ ကားပေါ် မှာ အားလုံး ၁၃ ဦးပါတဲ့အနက် ခြောက်ဦးဒဏ်ရာ ရရှိပါ တယ်။ ခြောက်ဦး ဒဏ်ရာရရှိတဲ့အထဲမှာ သုံးဦးကတော့ သာမန်ဒဏ်ရာ အနေ နဲ့ ဆေးဝါးကုသတယ်။ သုံးယောက် ကတော့ အပြင်းအထန်ဒဏ်ရာနဲ့ ဆေးကုသမှု ခံယူနေရပါတယ်။ အဲဒီ ထဲက တစ်ဦးကတော့ ကိုမြတ်သီဟ မောင်လို့ခေါ်ပါတယ်။MRTV-4 က တစ်ယောက်လည်း ပါပါတယ်။ ကျွန်တော့်သူငယ်ချင်း တစ်ယောက် လည်းရှိပါသေးတယ်။ ကျွန်တော် နဲ့သုံးဦးကတော့ အပြင်းအထန် ဒဏ်ရာရရှိခဲ့ပါတယ်။ အခုလို နိုင်ငံ တော်သမ္မတကြီးကနေ ကျွန်တော် တို့ကို လာရောက်ပြီး အားပေးစကား ချီးမြှင့်ပေးတဲ့အတွက် အများကြီး ကျေးဇူးတင် ဝမ်းမြောက်ကြောင်း ဂုဏ်ယူပြောကြားလိုပါတယ်။
ကိုဇင်မင်းအောင်
ကြံခုတ်လုပ်သား(ကိုးကန့်သောင်းကျန်းသူအဖွဲ့ ဖမ်းဆီးခံရသူ)
ကျွန်တော် လောက်ကိုင်ကို အလုပ်လုပ်ဖို့ တောင်ကုတ်ကနေ တက်သွားတာပါ၊ အဲဒီမှာ ကြံသွား ခုတ်ရင်းနဲ့ တိုက်ပွဲတွေဖြစ်တဲ့အခါ မှာ ကျွန်တော်တို့အလုပ်တွေ နား ထားရပါတယ်။ အဲဒီလို နားထားရ တဲ့ အချိန်မှာ အခန်းအောင်းနေရ တယ်။ ကျွန်တော်တို့ ပြန်ချင်တဲ့ အခါမှာ ကားတွေကမရ။ အဲ့ဒါနဲ့ ခြေကျင်လျှောက် ထွက်လာကြတယ်။အဲ့ဒီလို ခြေကျင်လျှောက်ထွက်လာတဲ့ အခါမှာ ကိုယ့်တပ်တွေလည်း ရှိတယ် လေ။ သူတို့ကို အကျိုးအကြောင်း ပြောတော့ သူတို့ကမိုးတိတ်မှ ထည့် ပေးမယ်လို့ပြောတယ်။ ကျွန်တော်တို့ က မိုးတိတ်တဲ့အထိမစောင့်ဘဲ ခွင့်ပြု ချက်တောင်းပြီးတော့ လမ်းလျှောက် ထွက်လာခဲ့တယ်။ ချင်းရွှေဟော် တံတားအနီးမှာ အစိမ်းရောင်ဝတ်စုံ နဲ့ လူငါးယောက်က ကျွန်တော်တို့ကို ဖမ်းတယ်။ မင်းတို့မြန်မာစစ် သားလား လို့မေးတယ်။ မဟုတ်ပါဘူးလို့ ပြော တာမရဘူး။
မင်းတို့လိုက်ခဲ့ဆိုပြီး တောထဲကိုခေါ်သွားတယ်။ တောထဲ ရောက်တော့ မျက်စိကို ပဝါစည်းပြီး သူတို့ခေါ် သွားတယ်။ သူတို့နေရာ ရောက်တာနဲ့ ကျွန်တော်တို့ကို ဟုတ်လား၊ မဟုတ်လား ထပ်မေး တယ်။ နောက်တစ်ယောက်ကိုကြ တော့ ဓားပြားလေးနဲ့ လှမ်းပေါက်တာ နားရွက်ပြတ်သွားတယ်။ နောက် တစ်ယောက်ကျတော့ စစ်ဖိနပ်နဲ့ ပိတ်ကန်ကြတယ်။ ကျွန်တော့်ကြ တော့ စစ်သားမဟုတ်ပါဘူးလို့ ပြောတယ်မရဘူး။ ပြီးတော့ လက်ကို ပိတ်ကန်တယ်။
ကျွန်တော် လက်ကျိုး သွားတယ်။ ကျွန်တော်တို့က ရေ သောက်ချင်တယ်ဆိုပြီး ရေတောင်း တယ်၊ ရေခပ် ဖို့အသွား ကျွန်တော်တို့ ထွက်ပြေးကြတာ ဘယ်ပြေးလို့ ပြေး ရမှန်းမသိ လမ်းဘေးမှာ ကားသံကြား တာနဲ့ ကားလမ်းဆိုပြီး ကားလမ်းကို ထွက်ပြေးတာ၊ ကားလမ်းရောက်တဲ့ အခါ ကျွန်တော်တို့ နှစ်ယောက်ကွဲ သွားတယ်။ ကျွန်တော်ထမင်းမစား ဘဲနဲ့ ရှစ်ရက်ရှိပြီ လျှောက်လာခဲ့ရ တာ။ လားရှိုးမြို့ ကယ်ဆယ်ရေး စခန်းအထိပေါ့။ အခုလို ကူညီပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ နောက်နောင် ပြည်သူတွေ ဒီလိုမဖြစ် ဖို့အတွက် တိုင်းရင်းသားတွေအားလုံး ဝိုင်းဝန်းကူညီပေးကြပါလို့ ပြောချင် ပါတယ်။
ဆရာမ ဒေါ်နုနုသန်း
အထက (တာရွှေထန်)
ကျွန်မတို့ ၉ ရက်နေ့ တိုက်ပွဲ စဖြစ်ပါတယ်။ ၁၄ ရက်နေ့အထိ ကျွန်မတို့ အဲဒီမှာ သေနတ်တွေကိုင် ပြီးတော့ နေရပါတယ်။ ၁၄ ရက်နေ့ မှာ ကျွန်မတို့ တိုက်ပွဲရှောင်ဖို့အတွက် မော်တော်ယာဉ်တွေနဲ့ လိုက်လာတဲ့ အချိန်မှာ ကားမှောက်သွားတာပါ။ ကားမှောက်သွားတဲ့အချိန်မှာ ကျွန်မ သားလေး ခြောက်တန်းကျောင်း သား လေး တစ်ယောက်ဆုံးသွားပါတယ်။ ဆယ်တန်းဖြေဖို့သမီးလေးကတော့ ပြင်ဦးလွင်မှာ ခေါင်းခွဲစိတ် ထားပါ တယ်။ ကျွန်မအင်မတန် ကြေကွဲ ဝမ်းနည်းရပါတယ်၊။
ကိုရန်ရင်းမျိုးလတ် (လောက်ကိုင်)
လောက်ကိုင်က တာဝန်ရှိပြည်သူ တစ်ယောက်အနေနဲ့ ကြက်ခြေနီကား ကို မောင်းလာပါတယ်။ လောက်ကိုင် ကနေစထွက်လာတဲ့ ၁ နာရီ ၄၅ မိနစ်အချိန်မှာ လောက်ကိုင်ကျေးရွာ မှာ ပစ်ခတ်မှုစတင်ဖြစ် ပွားပါတယ်။သတင်းထောက်ငါးဦးနဲ့ ဒုက္ခသည်ငါး ဦး၊ ကြက်ခြေနီတစ်ယောက်၊ သူ့ရဲ့ တပည့်လည်းပါပါ တယ်။ သူ့ရဲ့ကား ကို မောင်းလာပြီး ရန်သူ့နယ်မြေထဲ ကနေ သူတို့ရဲ့အသက်ကို ကယ်ထုတ် နိုင်ခဲ့ပါတယ်။ သူတို့က ကြက်ခြေနီ အလံကို မလဲမခြင်းပစ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ စစ်ကြောင်းနဲ့ ၂ နာရီအကျော် မှာ ဆက်သွယ်ရ ပါတယ်။
စစ်ကြောင်းကလာကယ်မှ သာ ကွမ်းလုံပြည်သူ့ဆေးရုံကို ရောက် ပါတယ်၊ ကွမ်းလုံပြည်သူ့ဆေးရုံမှာ တစ်ညအိပ်ပြီးတော့ ဒီဘက်စစ်ဆေးရုံ ကိုလွှဲပါတယ်၊ တော်တော်လေးတော့ ဒုက္ခခံခဲ့ရပါတယ်၊ ကိုးကန့်သောင်း ကျန်းသူတွေက ကျွန်တော်တို့ ကြက် ခြေနီအလံပါတဲ့ဟာကို တကယ်ကို တော်တော် များများကို ပစ်ခတ်ခဲ့ပါ တယ်၊ လက်နက်ကြီးတွေနဲ့လည်း ပစ်ပါတယ်၊ အခုလိုနိုင်ငံတော် သမ္မတကြီးနဲ့ အဖွဲ့တွေအားလုံး လာ ရောက်အားပေးတဲ့အတွက် ပီတိဖြစ် မိပါတယ်။ ကျွန်တော်ကတော့ ဒုက္ခ သည်တွေနဲ့ သတင်းထောက်တွေကို ကယ်နိုင်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမိပါတယ်။
ဒေါ်ခင်အေးနွယ် (ရဲမေ)
ကျွန်မအမျိုးသား စစ်ဆင်ရေး ကနေ စနေနေ့ဝင်လာတယ်၊ တနင်္ဂ နွေနေ့ တစ်ရက်နားတယ်၊ ၉ ရက်နေ့ မှာ လောက်ကိုင်ဆိုပြီး ထွက်သွား တယ်၊ လောက်ကိုင်ကိုမရောက်ဘဲနဲ့ လောက်ကိုင်နဲ့ကြားမှာ တိုက်ပွဲတွေ ဖြစ်တယ်။ ဖြစ်တော့ ကျွန်မတို့က ကင်းတွေစောင့်ရတယ်၊ ဒါပေမယ့် ရဲမေတွေကတော့ ဘာမှမဖြစ်ပါဘူး၊ ကျွန်မကတော့ ကိုယ်ဝန်နဲ့ဆိုတော့ ကင်းမစောင့်ရဘူး၊ ကလေးတွေနဲ့ပဲ နေတာပါ၊ ကလေးတွေနဲ့နေတော့
ဒေါ်ခင်အေးနွယ် (ရဲမေ)
ကျွန်မအမျိုးသား စစ်ဆင်ရေး ကနေ စနေနေ့ဝင်လာတယ်၊ တနင်္ဂ နွေနေ့ တစ်ရက်နားတယ်၊ ၉ ရက်နေ့ မှာ လောက်ကိုင်ဆိုပြီး ထွက်သွား တယ်၊ လောက်ကိုင်ကိုမရောက်ဘဲနဲ့ လောက်ကိုင်နဲ့ကြားမှာ တိုက်ပွဲတွေ ဖြစ်တယ်။ ဖြစ်တော့ ကျွန်မတို့က ကင်းတွေစောင့်ရတယ်၊ ဒါပေမယ့် ရဲမေတွေကတော့ ဘာမှမဖြစ်ပါဘူး၊ ကျွန်မကတော့ ကိုယ်ဝန်နဲ့ဆိုတော့ ကင်းမစောင့်ရဘူး၊ ကလေးတွေနဲ့ပဲ နေတာပါ၊ ကလေးတွေနဲ့နေတော့
တပ်ကရဲမေတွေက ပြောတာပေါ့၊ ဒီမှာမနေနဲ့ လားရှိုးကိုလိုက်သွားလိုက် ဆိုပြီး ဒီကိုလွှဲလိုက်ပါတယ်၊ လမ်းမှာ တော့ ကြမ်းတာပေါ့၊ လမ်းကြမ်းရဲ့ နဲ့ဒီကိုပြန်လာတော့ သေနတ်နဲ့ပစ်ခံ ရပါတယ်၊ ကျွန်မဘာ မှတော့ ဒဏ်ရာ ဒဏ်ချက်မရဘူး၊ ကျေးဇူးအများ ကြီးတင်ပါတယ်၊ ကျွန်မတို့ ဒီလို ဒုက္ခရောက်နေတာ ကူညီတဲ့အတွက် သမ္မတကြီးကို ကျေးဇူးအများကြီး တင်ပါတယ်၊ အကုန်လုံးလည်း ကျန်းမာချမ်းသာကြပါစေလို့ ဆု တောင်းပါတယ်။
ဗိုလ်မှူး ကျော်ကျော်
အမှတ်(၉)တပ်မတော်စစ်ဆေးရုံ
ခုတင်(၁ဝဝ)၊ လားရှိုး
ကျွန်တော်တို့ လောက်ကိုင် အရေးအခင်း တိုက်ပွဲဖြစ်တဲ့အချိန်က စပြီးတော့ ကျွန်တော်တို့ ရဟတ် ယာဉ်နဲ့သော်လည်းကောင်း၊ ယာဉ် တန်းဖြင့်သော်လည်းကောင်း ရောက် လာတဲ့စစ်ဆင်ရေး ထိခိုက် ဒဏ်ရာရ အရာရှိစစ်သည် အဆင့်အတန်း အားလုံး၊ တချို့ ကားအက်စီးဒင့်ဖြစ်တဲ့ ရဲမေအပါ၊ တခြားအ ရပ်သားတွေ အားလုံးအပါအဝင် ကျွန်တော်တို့ ဆေးရုံအနေနဲ့ လက်ခံပြီးကုသပေး နေတာရှိပါတယ်။
ကုသမှုအပိုင်း အနေနဲ့ကတော့ အရေးကြီးလူနာဆိုရင် အနီရောင် အဆင့်သတ်မှတ်ပြီးတော့ ကုသရေး အဖွဲ့ကိုပို့ပါတယ်၊ ဒုတိယအရေးကြီး လူနာကို ကျွန်တော်တို့ အဝါရောင် သတ်မှတ်ပြီးတော့ ကျွန်တော်တို့ အဝါရောင်ခန်းကိုပို့ပါတယ်၊ သာမန် ထိခိုက်ဒဏ်ရာဆိုရင်တော့ အစိမ်း ရောင်သတ်မှတ်ပြီးတော့ အစိမ်းခန်း ကိုပို့ပြီးတော့ စနစ်တကျကုသပါ တယ်၊ ဆေးရုံအတွက် လိုအပ်တဲ့ စက်ပစ္စည်းကိရိယာ၊ ဆေးဝါးတွေကို လည်း အထက်အကြီးအကဲတွေ၊ ကျွန်တော်တို့ ကကဆေးအစရှိသဖြင့် အကုန်လုံးက ပံ့ပိုးထားတဲ့အတွက် ပြည့်စုံမှုရှိပါတယ်။
ဗိုလ်မှူး ကျော်ကျော်
အမှတ်(၉)တပ်မတော်စစ်ဆေးရုံ
ခုတင်(၁ဝဝ)၊ လားရှိုး
ကျွန်တော်တို့ လောက်ကိုင် အရေးအခင်း တိုက်ပွဲဖြစ်တဲ့အချိန်က စပြီးတော့ ကျွန်တော်တို့ ရဟတ် ယာဉ်နဲ့သော်လည်းကောင်း၊ ယာဉ် တန်းဖြင့်သော်လည်းကောင်း ရောက် လာတဲ့စစ်ဆင်ရေး ထိခိုက် ဒဏ်ရာရ အရာရှိစစ်သည် အဆင့်အတန်း အားလုံး၊ တချို့ ကားအက်စီးဒင့်ဖြစ်တဲ့ ရဲမေအပါ၊ တခြားအ ရပ်သားတွေ အားလုံးအပါအဝင် ကျွန်တော်တို့ ဆေးရုံအနေနဲ့ လက်ခံပြီးကုသပေး နေတာရှိပါတယ်။
ကုသမှုအပိုင်း အနေနဲ့ကတော့ အရေးကြီးလူနာဆိုရင် အနီရောင် အဆင့်သတ်မှတ်ပြီးတော့ ကုသရေး အဖွဲ့ကိုပို့ပါတယ်၊ ဒုတိယအရေးကြီး လူနာကို ကျွန်တော်တို့ အဝါရောင် သတ်မှတ်ပြီးတော့ ကျွန်တော်တို့ အဝါရောင်ခန်းကိုပို့ပါတယ်၊ သာမန် ထိခိုက်ဒဏ်ရာဆိုရင်တော့ အစိမ်း ရောင်သတ်မှတ်ပြီးတော့ အစိမ်းခန်း ကိုပို့ပြီးတော့ စနစ်တကျကုသပါ တယ်၊ ဆေးရုံအတွက် လိုအပ်တဲ့ စက်ပစ္စည်းကိရိယာ၊ ဆေးဝါးတွေကို လည်း အထက်အကြီးအကဲတွေ၊ ကျွန်တော်တို့ ကကဆေးအစရှိသဖြင့် အကုန်လုံးက ပံ့ပိုးထားတဲ့အတွက် ပြည့်စုံမှုရှိပါတယ်။
လူအင်အား အနေနဲ့လည်း ကျွန်တော်တို့ ပြည့်စုံမှု ရှိပါတယ်၊ အဲ့ဒီအပြင် ကျွန်တော်တို့ ထိခိုက်ဒဏ်ရာရတဲ့ စစ်သည်တွေ အဆင့်အတန်းအားလုံးကို ကျွန်တော် တို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကရော၊ ဝန်ကြီး ဌာနတွေကရော၊ အခုဆိုရင် နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင်ကပါ လာရောက်ပြီး တော့ အားပေးကြည့် ရှုတဲ့အတွက် အင်မတန်ဘဲ ဂုဏ်ယူစရာကောင်းပါ တယ်၊ ကျွန်တော်တို့ စစ်သည်များ ကိုလည်း ဒဏ်ရာ သက်သာတာနဲ့ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်တဲ့အနေနဲ့ ရှေ့တန်းကို ပြန်သွားပြီးတော့ ပြန်တိုက်မယ်လို့ ဒီဒဏ်ရာရ စစ်သည်တွေက ပြောပါ တယ်၊
ဒါကလည်း အလွန်အင်မတန် ဂုဏ်ယူစရာကောင်းပါတယ်၊ ရှေ့ တန်းမှာ ဆေးရုံမရောက်သော်လည်း တိုင်းပြည်အတွက် စွန့်လွှတ်စွန့်စားပြီး တိုက်နေတဲ့ စစ်သည်များကိုလည်း အားပေးကြပါလို့ ပြောကြားလိုပါ တယ်။ ကျွန်တော်တို့ ဆေးရုံပိုင်း အနေနဲ့ကတော့ ဆေးကုသမှုအပိုင်း ကို သာမန်ထက်ပိုပြီးတော့ ကြိုးစား ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။
အင်တာဗျူး -ညီညီထွန်း (သတင်းစဉ်)
ဓာတ်ပုံ-နေလင်း (ပြန်/ဆက်)
အင်တာဗျူး -ညီညီထွန်း (သတင်းစဉ်)
ဓာတ်ပုံ-နေလင်း (ပြန်/ဆက်)
Sign up here with your email
ConversionConversion EmoticonEmoticon