အင်တာနက်ပေါ်မှ မြန်မာအမျိုးသမီး ညစ်ညမ်းပုံများကို ထိထိရောက်ရောက် အရေးယူရန် လွှတ်တော်တွင် ဆွေးနွေး...
အင်တာနက် စာမျက်နှာများတွင် ဆိုးရွားစွာ ပျံ့နှံ့လျက်ရှိသည့် မြန်မာအမျိုးသမီးအချို့၏ ညစ်ညမ်းပုံများနှင့် ပတ်သက်၍ ယင်းပုံများကို ရိုက်ကူးခံသူနှင့် ရိုက်ကူးပေးသူ များကို ထိထိရောက်ရောက် တားဆီးအရေး ယူရန် အမရပူရမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေး တိုက်တွန်းလိုက်သည်။
အိုင်တီနည်းပညာများ တိုးတက်လာ သည်နှင့်အမျှ တိုင်းတစ်ပါး ယဉ်ကျေးမှုများ ထိုးဖောက်ဝင်ရောက်လာ
ခြင်းကြောင့် နိုင်ငံ၏ ယဉ်ကျေးမှုများ တဖြည်းဖြည်း ဆုံးရှုံးနစ်နာလျက် ရှိကြောင်း၊ တိုင်းတစ်ပါး ဝတ်စားဆင် ယင်မှုများ ဖြစ်သည့် မောင်နှင့်နှမ၊ သားနှင့်အမိ မကြည့်ရဲလောက်သော ဝတ်စားဆင်ယင်မှုများ အင်တာ နက် စာမျက်ပေါ်တွင် ဆိုးရွားစွာ ပျံ့နှံ့နေကြောင်း ပို၍ဆိုးရွားသည်မှာ အင်တာနက် ပေါ်တွင် မြန်မာအမျိုး သမီးအချို့၏ မတော်တရော် ပုံရိပ်များ ပျံ့နှံ့နေခြင်းပင် ဖြစ်ကြောင်း ဦးသိန်းထွန်းဦးက ရှင်းပြသည်။
“အတုမြင် အတတ်သင်တတ်လို့ နောင်မျိုးဆက် မြန်မာမိန်းမပျို၊ သမီးပျိုများ အတွက် အလွန်ရင်လေးမိတဲ့ အတွက် မတော်တရော် ရိုက်ကူးခံနေသူတွေ ရိုက်ပေးသူတွေကို ထိထိရောက်ရောက် တားဆီး အရေးယူ သင့်ပါတယ်” ဟု ၎င်းက တိုက်တွန်းပြောဆိုသည်။
မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်မှစ၍ လိင်အသားပေး ရုပ်ပုံများ ရိုက်ကူးခံသူနှင့် ရိုက်ကူးသူအချို့ ထွက်ပေါ် လာပြီး ယင်းမှာ အနုပညာတစ်ရပ် ဟုတ် မဟုတ် အငြင်းပွားမှုများလည်း အဆိုပါ လိင်အသားပေး ရုပ်ပုံများ ရိုက်ကူးသူနှင့် အနုပညာရှင်အချို့ အကြား ကျယ်ကျယ်လောင်လောင် အငြင်းပွားနေဆဲဖြစ်သည်။
ယင်းသို့ လိင်အသားပေး ရုပ်ပုံများ ရိုက်ကူးရာတွင် ဇွန်သဉ္ဇာ၊ ဇာဇာထက်၊ အစရှိသည့် မော်ဒယ်အချို့မှာ ထင်ရှားပြီး ယင်းတို့၏ အဆိုပါရုပ်ပုံများကို အင်တာနက် စာမျက်နှာ၌ တရားဝင် လွှင့်တင်ထားရှိရာ ထောက် ခံသူနှင့် ကန့်ကွက်သူ အများအပြား အပြိုင်ရှိနေခြင်း ဖြစ်သည်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကို ဆွေးနွေးရာ၌ ယဉ်ကျေးမှုကဏ္ဍနှင့် ပတ်သက်၍ ၎င်းက ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း ဥပဒေတွင် တိုင်းတစ်ပါး ယဉ်ကျေးမှုများ ထိုးဖောက် ဝင်ရောက်လာခြင်းကို တားဆီးရေးဆိုသည့်အချက် ထည့်သွင်းထားပြီး ဦးသိန်းထွန်းဦး၏ တိုက်တွန်း
ဆွေးနွေးမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနက မတ်လဆန်းတွင် ပြည်ထောင်စုလွှတ်တော်၌ ပြန်လည် ရှင်းလင်းရမည် ဖြစ်သည်။
Sign up here with your email
ConversionConversion EmoticonEmoticon