မြန်မာနိုင်ငံရဲ့ ကူညီပါရစေဆိုတဲ့ ရဲတွေ အကြောင်းကို ရင်နာနာနဲ့ ပြောပြချင်ပါတယ်။ February 3 ရက်နေ့ မနက်က ကျွန်မ အမဈေးက ပြန်လာတော့ ကျွန်မခဲအို အိမ်သာထဲမှာ လဲနေတာ တွေ့တော့ ပတ်ဝန်းကျင် ကို အကူအညီတောင်း ခဲ့ပါတယ်၊ လသာမြို့နယ် ၂၄ လမ်း အောက်လမ်းက လူမှုရေး တော်တော် ခေါင်းပါးခဲ့ပါတယ်၊
ရက်ကွက်လူကြီးရောက်လာပြီး လူနာကိုသေပြီ ဟု လွယ်လွယ်ပြောလိုက်ကာ၊ ကျွန်မအမက ငိုပြီးဝိုင်း ထူပေးကြပါ ကျွန်မမနိုင်လို့ပါဟု တောင်းပန်သော်လည်း ကူညီ မပေးခြင်း မရှိပဲ ဇောက်ထိုးအနေအထား တိုင်းထားပြီး ၁၉၉ သာဖုန်းဆက်ခဲ့သည်၊ ခဏနေတော့ ကျွန်မတို့ ညီအစ်မတွေနဲ့ ကျွန်မခဲအို တို့ရောက်တော့ ရဲကလူနာကို လုံးဝ မထိရအော်ငေါက်ကာ မဆီမဆိုင် တယောက်ချင်းဆီ ဘာတော်လဲ ဘယ်မှာလုပ်လဲ လျှောက်မေး နေသောကြောင့် ကျွန်မ အမအလတ်က လူနာကို ဆေးရုံကားပေါ် မပို့ပဲ ဘာတွေမေးနေတာလဲ လို့ပြောလိုက်လို့ ရဲက ကျမ အမ အလတ်ကို ပြသနာတက်သွား ချင်လား၊
အသုဘတောင် ချလို့မရ ဖြစ်သွားမယ်လို့ အော်ငေါက်ခြိမ်းခြောက် ခဲ့လို့ ကျမအမေက ဝင်တောင်းပန်ခဲ့ရ တယ်၊ ဆေးရုံကားပေါ် တင်ဖို့ ကျမခဲအိုအလတ်က မပြီးအသက်ရှူသေးတယ် ပြောမှ ရဲတွေ မျက်နှာ ပျက် သွားတာ၊ ဆေးရုံကား ပေါ်ရောက်မှ ဆုံးသွားခဲ့တာ၊ ရဲတွေရောက် လာတာ မနက် ၇နာရီ၊ ဆေးရုံကားပေါ် ပို့တာ ၈.၃၀ ၊ ဆုံးသွားတာ ၈.၄၅၊ ဆေးစစ်ချက် အရ သွေးကြောပြတ်တာ မဟုတ်ပဲ သွေးတိုးပြီး ပြုတ်ကျတဲ့ အရှိန်ကြောင့် ခေါင်းအတွင်းပိုင်း သွေးထွက်တာကို ၁ နာရီခွဲတိတိ ဇောက်ထိုးအနေအထား အတိုင်းထားခဲ့ လို့ ဦးနှောက် သွေးယိုစီးပြီး ဆုံးခဲ့တာ၊ သူတို့ကြောင့် အသက်တချောင်း ဆုံးသွားတာတောင် ပိုက်ဆံ ကတောင်းလို့ ပေးရသေးတယ်၊ တကယ်လူစိတ်မရှိတဲ့ ဟာတွေပါ။
Sign up here with your email
ConversionConversion EmoticonEmoticon