မျက်မမြင်မိခင် နည်းပညာအကူအညီဖြင့် ရင်သွေးငယ်ကိုကြည့်ခွင့်ရ



ကနေဒါနိုင်ငံ အွန်တာရီယိုပြည်နယ် ဂူရယ်ဖ်မြို့၌ မျက်စိကွယ်နေသော မိခင်တစ် ဦးသည် အဆင့်မြင့်နည်းပ ညာသုံး မျက်မှန် ကို တပ်ဆင်၍ မိမိ၏ မွေးကင်းစ ကလေး ငယ်ကို ကြည့်ရှုနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါမိခင်မှာ အသက် ၂၉ နှစ်အ ရွယ် ကေတီဘိတ်ဇ်ဆိုသူဖြစ်၍ အမြင်အာ ရုံကို မြှင့်တင် ပေးနိုင်စွမ်း ရှိသော e-Sight ဟု အမည်ပေးထားသော မျက်မှန်နဲ့ ဖွား မြင်ခဲ့သော ကလေးငယ်ကို နာရီပိုင်းအကြာ တွင်
မြင်တွေ့နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

e-Sight အကူအညီဖြင့် ရင်သွေးငယ် ကို တွေ့မြင်ရခြင်းသည် အလွန်အံ့သြ ကြည် နူးဝမ်းသာဖွယ်ရာဖြစ်
ကြောင်း မစ္စဘိတ်ဇ်က ပြောကြားသွားခဲ့သည်။

ဘိတ်ဇ်သည် အမြင်အာရုံဆုတ်ယုတ် မှုရောဂါတစ်ခုဖြစ်သည့် Stargardt ကြောင့် ငယ်စဉ်ကတည်းက မျက် စိကွယ်ခဲ့ ရခြင်း ဖြစ်ပြီး သူမရင်သွေးငယ်အား မွေးပြီးပြီးချင်း ကြည့်ရှုလိုသောဆန္ဒကြောင့် e-Sight မျက်မှန် အကူအညီ ယူခဲ့ခြင်းဖြစ်ကြောင်း ညီမ ဖြစ်သူ ဖီးလစ်က ပြောကြားသွားခဲ့သည်။

၎င်းမျက်မှန်သည် မျက်မမြင်များအား အနီးအနာရှိ အရာဝတ္ထုများကို မြင်တွေ့စေ ရန် အထောက်အကူ ပြု
ပေးနိုင်သော်လည်း ဈေးနှုန်းကြီးမြင့်မှုကြောင့် ကျယ်ပြန့်စွာ အ သုံးပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။‎

TheYangonTimes‬
Previous
Next Post »
Powered by Blogger.