Sex Themed Park ဆိုတာ ထိုင်ဝမ်နိုင်ငံမှာရှိတဲ့ ပန်းချီ၊ပန်းပု လက်ရာတွေ ရှိတဲ့နေရာပါ။
၃၇ မိုင်ရှည်လျားတဲ့ ပင်လယ်ကမ်းခြေတစ်လျောက် ပိုမိုများပြားလာတဲ့ ခရီးသွားတွေကို ဆွဲဆောင်ဖို့ ခရီး သွား လုပ်ငန်းဆိုင်ရာ အရာရှိတွေရဲ့ အစီအစဉ်နဲ့ အကောင်အထည် ဖော်ဆောင်ရွက်သွားဖို့ပဲ ဖြစ်ပါတယ်။
Romantic Boulevard လို့ ခေါ်တဲ့ ဒီအပန်းဖြေဥယျာဉ်မှာ အသဲပုံသဏ္ဍာန်ပေါင်းကူးတွေ၊ ဖန်နဲ့ ပြုလုပ်ထား တဲ့ ဘုရားရှိခိုးကျောင်းနဲ့ ကာမရာဂနှိုးဆွပေးတဲ့ လူရုပ်တုတွေနဲ့ ပုံစံမျိုးစုံနဲ့ ကာမစပ်ယှက်နေတဲ့ တိရိစ္ဆာန်ရုပ် တုတွေ အပြည့်နဲ့ မြင်တွေ့ရမှာဖြစ်တယ်။
“ထိုင်ဝမ်ကို လူတွေ အရူးအမူး စွဲလမ်းစေချင်တယ်။ နောက်ပြီး ထိုင်ဝမ်ကို ရောက်နေစဉ် သဘောခွေ့ နှစ်
ခြိုက်မှုရစေချင်တယ်” လို့ Southwest Coast National Scenic Area Office ရဲ့ လက်ထောက်ဒါရိုက်တာ Shih Chao-hui က Wall Street Journal ကို ပြောပြခဲ့တယ်။
စုံတွဲတွေအတွက် မင်္ဂလာဆောင်ပုံတူ ဓာတ်ပုံတွေ ရိုက်လို့ရမယ့်နေရာလေး တစ်ခုကိုလည်း စီစဉ်ထားပေး ပါတယ်။
ဒီလအစောပိုင်းအတွင်း အလည်အပတ် ရောက်လာသူ ၂ သိန်းကျော်ရှိပြီကြောင်း Shih ရဲ့ ပြောဆိုချက်အရ သိရပါတယ်။
ဒီအသစ် ထပ်မံတိုးမြင့်ပြုပြင်မှုကြောင့် ဒေသခံ အချို့နဲ့ ဗဟိုအစိုးရရဲ့ ခရီးသွားလုပ်ငန်းဌာန အပါအဝင် လူ တိုင်းရဲ့စိတ်ဝင်စားမှုတော့ မရစေခဲ့ပါဘူး။ ထိုင်ဝမ်ရဲ့ ဂုဏ်သိက္ခာ ထိခိုက်စေမယ့် အကြောင်းအရာဖြစ်တယ်လို့ ဆိုကြပါတယ်။
ဘယ်လိုဘဲဖြစ်ဖြစ် အများပြည်သူလူထု စိတ်ဝင်စားမှုက ပိုအလေးသာတယ်လို့ Shih က ပြောပါတယ်။
“ခရီးသွားလုပ်ငန်းကနေ စီးပွားရေး ဆောင်ရွက်နေတာပါ။ ပညာရေး လုပ်နေတာလည်း မဟုတ်ပါဘူး။ ဘာ သာရေးလုပ်နေတာလဲ မဟုတ်ပါဘူး။ မေးခွန်းထုတ်ရမှာက ဒီအပန်းဖြေဥယျာဉ်ကြောင့် စီးပွားရေး အခွင့်အ လမ်းတွေ ဖြစ်ပေါ်စေသလား ဆိုတာပဲဖြစ်သင့်ပါတယ်။ အဖြေက ‘yes’ ဖြစ်မယ်လို့ပဲ ယုံကြည်တယ်” လို့ Shih က China Real Time ကို ပြောပြခဲ့ပါတယ်။
Trend Myanmar
Sign up here with your email
ConversionConversion EmoticonEmoticon