Power Steering တွင် ချွတ် ယွင်းမှုရှိသောကြောင့်လည်းကောင်း၊ လုံခြုံမှုအတွက် ထားရှိသည့် Airbag များတွင် ချွတ်ယွင်းမှုရှိသောကြောင့် လည်းကောင်း GM သည် ကားစီး ရေ သန်းနှင့်ချီ၍ပြန်လည်ရုပ်သိမ်း ခဲ့ရသည်။
ignition ခလုတ်တွင် ပြဿနာ ဖြစ်နေသောကြောင့် ကားများကို ပြန် လည်ရုပ်သိမ်းရန်ရှိနေလျက် GM သည် ရုပ်သိမ်းခြင်းမပြုဘဲ ဆယ်စု နှစ်တစ်စုကျော်ကျော် အဘယ် ကြောင့်စောင့်နေရသနည်းဆိုခြင်း အတွက် အမေရိကန်ကွန်ဂရက်၊ စည်းကမ်းထိန်းသိမ်းသူများနှင့် တရားရေးဌာနတို့က စုံစမ်းစစ်ဆေး မည့်အနေ အထားနှင့် GM ရင်ဆိုင် နေရသည်။
အမေရိကန်တွင် ၂ဝ၁၁-၂ဝ၁၂ မိုဒယ်ထရပ်ကားစီးရေ ၈၃၅၂၇ ခန့်ကို GM က ရုပ်သိမ်းခဲ့ သည်မှာနောက် ဆုံးရုပ်သိမ်းခဲ့ခြင်း ဖြစ်သည်။ GM သည် ၂ဝဝ၇-၂ဝ၁၄ မိုဒယ်ကားများကိုလည်း အပြစ်အနာအဆာရှိသော အပိုင်း များကို ပြင်ဆင်ပေးသည်။
အပြစ်အနာအဆာများရှိသော ကြောင့် GM က နောက်ထပ်ပြန် လည်ရုပ်သိမ်းခဲ့ရသည့်ကားစီးရေ စုစုပေါင်း မှာ ၉၂၂၂၁ ဖြစ်သည်။ ထို ပြန်လည်ရုပ်သိမ်းသည့်ကားများတွင် ကနေဒါနှင့် မက္ကဆီကိုတို့ရှိ ကားများ လည်း ပါဝင်သည်။
Democracytoday
Sign up here with your email
ConversionConversion EmoticonEmoticon