CES 2015 မှာ မိတ်ဆက်ပေးလိုက်တဲ့ Mercedes-Benz ရဲ့ F 015 ဇိမ်ခံကား





Consumer Electronics Show ( CES 2015 ) မှာ ပြသလိုက်တဲ့ F 015 Luxury ကားကတော့ Mercedes -Benz ရဲ့ အနာဂတ် ကား များအတွက် ကြိုတင် ပြင်ဆင်မှုကို မြင်တွေ့ခွင့်ရစေခဲ့ပါတယ်။

  ရောင်းချဖို့အတွက် မဟုတ်ပဲ အနာဂတ်ပြင်ဆင်မှုတွေကို ထုတ်ဖော်ပြသဖို့ အတွက်သာဖြစ်ပေမယ့် အ နာဂတ်အတွက်တော့ စိတ်လှုပ်ရှားစရာ အရမ်းကောင်းပြီး စွဲဆောင်မှုအပြည့် အ၀ ပေးစွမ်းနိုင်ခဲ့ပါတယ်။

ဒါ့အပြင်လူတွေရဲ့ နေထိုင်သွားလာမှုပုံစံ တွေဘယ်လိုအနေအထားအထိ ပြောင်းလဲ ရောက်ရှိလာနေပြီလဲဆို
တာကိုလဲ ပြသသွားနိုင်ခဲ့ပါတယ်။F 015 မှာ စီးနင်းလိုက်ပါလာသူ ခရီးသည်တွေအတွက်လဲ သက်တောင့် သက်သာရှိတဲ့ ထိုင်ခုံများဟာ တစ်ဖက်နှင့်တစ်ဖက် လှည့်ပြီး စကားပြောဆို နိုင်စေအောင် ဖန်တီးပြုလုပ် ထားပါတယ်။

F 015 ရဲ့ အတွင်းပိုင်းမှာလဲ ကျယ်ပြန့်တဲ့ မြင်ကွင်းကျယ် touchscreens များဖြင့် ဖန်တီးထားတာကိုလဲ
မြင်တွေ့ရပါတယ်။

“ကားတွေဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ရွှေ့လျှားလို့ရတဲ့ အိမ် အသွင်သဏ္ဍာန် ပြောင်းလဲလာပါလိမ့် မယ်” လို့ မာစီးဒီးဘန့်ဇ် ရဲ့ CEO Dieter Zetsche က အခမ်းအနားမှာ ပြောကြားသွားခဲ့ပါတယ်။

Mercedes-Benz ရဲ့ နည်းပညာဟာ ယာဉ်အန္တရယ် နှင့် လုံခြုံစိတ်ချရမှုမှာပါ အမြဲတိုးတက်နေတာကို ပြသ တဲ့ အနေဖြင့် F 015 မှာ တွေ့ခဲ့ရပါတယ်။

အားရစရာ ကောင်းတာကတော့ လူတစ်ဦးဟာ လမ်းကူးဖို့ ကြုံလာခဲ့ရင်ဖြင့် F 015 ဟာ လမ်းပေါ်ကို လူ ကူးမျဉ်းသဏ္ဍာန် သင်္ကေတ များ ထိုး၍ပြသခြင်းနှင့် အတူ အရှိုန်လျှော့ပေးမှာ ဖြစ်ပြီး ထို သင်္ကေတမှ တစ် ဆင့် လမ်းကူးသူဟာ ကားနှင့် ဘေးကင်းလုံခြုံစေမယ့် အကွာအဝေးကို သိရှိနိုင် စေနိုင်မှာ ဖြစ်ပါတယ်။

Yangon Media Group

Related Post

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.