MPT က ဖုန်းပြောခများလျှော့ချ၍ မက်ဆေ့ခ်ျနှင့် အင်တာနက်အသုံးပြုခ အသစ်များကို ဇန်နဝါရီ ၉ ရက်တွင် အသစ်ထုတ်ပြန်ကြေညာမည်


  မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း MPT မှဖုန်းပြော ခများလျှော့ချ၍ မက်ဆေ့ခ်ျနှင့် အင် တာနက်အသုံးပြုခအ သစ်များကို ဇန် နဝါရီ၉ရက်နေ့တွင်အသစ်ထုတ်ပြန် ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ပအော်ပရေတာနှစ်ခုဖြစ် သည့်အော်ရီဒူး၊ တယ်လီနောတို့နှင့် ယှဉ်ပြိုင် သည့်ပုံစံဖြင့်ဝန်ဆောင်မှု ပေး မည့် MPT မှနှုန်းထားသစ်၊ ဝန်ဆောင်မှုသစ်များကို စတင်မိတ်ဆက် မည့်အခမ်းအနားကို ဇန်နဝါရီ ၉ ရက်နေ့ ညနေ ၆နာရီခွဲ၊ Park Royal ဟို တယ်၌ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ အဆင့်မြင့်အရာရှိဦးသိန်းဟုတ်က ''ဖုန်းပြောခ၊ မက်ဆေ့ခ်ျခတွေကို လျှော့ ချပြီး အင်တာနက်နှုန်းထား သစ်တွေအကြောင်း ရှင်းလင်းပွဲကို ၉ ရက်နေ့လုပ်မှာပါ။ MPT ရဲ့ Plan တွေနဲ့
ဈေးနှုန်းအတိအကျကို ၉ ရက် နေ့ကျမှ ထုတ်ပြန်ကြေညာသွားမှာပါ'' ဟု ပြောသည်။

ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးနေသည့် အော်ပရေတာများဖြစ်သည့် တယ်လီနောနှင့်အော်ရီဒူးတို့ မှ ဖုန်းပြောခတစ်မိနစ်လျှင်၂၅ ကျပ် နှင့် မက်ဆေ့ခ်ျတစ်စောင်လျှင် ၁၅ ကျပ် နှုန်းကောက်ခံလျက်ရှိကြောင်း သိရသည်။

MPT အနေဖြင့် လက်ရှိကောက် ခံနေသည့် နှုန်းထားများမှာ ဖုန်းပြောခ တစ်မိနစ်လျှင် ကျပ်၅ဝနှုန်း သတ် မှတ်ထားကာ မက်ဆေ့ခ်ျတစ်စောင်လျှင် ၂၅ကျပ်နှုန်းကောက်ခံလျက် ရှိပြီး အင်တာနက်လျှောက်ထားခြင်း ကို ကျပ်တစ်သောင်းနှုန်းဖြင့် အများ ပြည်သူသို့ဝန်ဆောင်မှုပေးလျက်ရှိ ကြောင်း သိရသည်။

Yangon Media Group
Previous
Next Post »

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.