ဖုန်းတစ်ချက်ဆက်လိုက်ရင် စာတိုက်က အိမ်တိုင်ရာရောက်ပို့ပေးမယ်

တောင်ကြီးထွက် မုန်ညှင်းချဉ်၊ ခေါပုပ်၊ ပဲပုပ်၊ ဆီတိုဟူးသ တဲ့ ဒေသထွက်အစားအစာတွေနဲ့ ရန်ကုန်ထွက် ပုစွန်ခြောက်၊ အာပြဲခြောက်၊ ငါးတူနီခြောက်၊ ဂျေဒိုးနတ် စတဲ့ အစားအစာ
တွေကို အပြန်အလှန်ပို့ပေးနိုင် ဖို့ မြန်မာ့စာတိုက်လုပ်ငန်းက ဇန်နဝါရီလဆန်းကစပြီး ဝန်ဆောင်မှုကို ပေးနေပါပြီ။ Hometown Product Delivery အစီအစဉ် ဘာ့ကြောင့်လုပ်
ဖြစ်တာလဲ။

မြန်မာ့စာတိုက်လုပ်ငန်းအနေနဲ့ ဈေးကွက်ရှာဖွေရေး၊ ပို့ဆောင်ရေး၊ ဝေငှရေးနဲ့ ငွေကောက်ခံရေးဆိုပြီး အဖွဲ့တွေခွဲ လုပ်ကိုင်နေတယ်လို့ အမြန်ချောပို့ကောင်တာက ဒုတိယကြီးကြပ်ရေးမှူး ဒေါ်လှလှဝင်းက ရှင်းပြပါတယ်။ ၂ဝ၁၅နှစ်သစ်အတွက် အထူးဝန်ဆောင်မှုအဖြစ် ဖုန်းဆက်မှာတဲ့အခါ မှတ်တမ်းယူပြီး ပစ္စည်းကိုအိမ်အရောက်ပို့တဲ့ချိန်မှာ အမြန်ချောပို့ခနဲ့ပစ္စည်းခကို ပေးရမှာပါလို့ ဆိုပါတယ်။

ပို့ခအနေနဲ့ အမြန်ချောပို့နှုန်းအတိုင်း အနည်းဆုံး ၂ဝ ဂရမ်ကို ၅ဝဝကျပ်ကနေ အများဆုံး ၃ဝကီလိုဂရမ်ကို တစ်သောင်းကျပ်နဲ့ အိမ်တိုင်ရာရောက်ပို့ပေးတာဖြစ်ပြီး ရန်ကုန်မြို့လယ် ၆မြို့နယ်နဲ့ တောင်ကြီးမြို့ပေါ်က ရပ်ကွက်၁၉ခုအတွက် အပြန်အလှန် ဝန်ဆောင်မှုပေးမှာလို့ ဆိုပါတယ်။

ဝန်ဆောင်မှုစတင်ချိန် အခြားမြို့တွေကလည်း ဒီလိုဝန်ဆောင်မှုမျိုးပေးဖို့ ဖုန်းဆက်မေးမြန်းကြတာရှိတာ
ကြောင့် နောက်ပိုင်းမှာ တိုးချဲ့သွားဖို့ရှိမယ်လို့ ယူဆတဲ့အကြောင်း၊ ရန်ကုန်-တောင်ကြီးကြား ဝန်ဆောင်မှု စတင်ချိန်မှာ အစားအစာတွေအပြင် မဟာဖြေဆေး၊ ကျောင်းထိုင်ဆရာတော်လက်စွဲစာအုပ် စတာတွေကို လည်း ပန်းဆိုးတန်းမှာ ဝယ်ရတာအဆင်ပြေရင် ပို့ပေးပါတယ်လို့ ပြောပြပါတယ်။

ရန်ကုန်ဈေးကွက်အတွက် ငါးခြောက်၊ ပုစွန်ခြောက်တွေကို သီရိမင်္ဂလာဈေး၊ မုန့်ဟင်းခါးခြောက်ကို မြောင်း
မြဒေါ်ချို၊ ဂျေဒိုးနတ်ကိုတော့ ပန်းဆိုးတန်း ဂမုန်းပွင့်က ဝယ်ယူပြီး တောင်းကြီးဈေးကွက်အတွက် မြို့ပေါ် လက္ကားဆိုင်တွေက ဝယ်တယ်လို့ ပြောပါတယ်။ မှာချင်တဲ့သူတွေက မနက် ၁၁နာရီမတိုင်ခင် ဖုန်းဆက်မှာ ရမှာဖြစ်ပြီး နောက်တစ်နေ့မနက်ကို ချက်ချင်းအရောက်ပို့မှာဖြစ်တယ်လို့ ဆိုပါတယ်။

ရန်ကုန်-တောင်ကြီး ဝန်ဆောင်မှုအသစ်အတွက် ရန်ကုန်စာတိုက် ဝ၁-၃၈ဝ၂၅၇နဲ့ တောင်ကြီးစာတိုက် ဝ၈၁ ၂၁၂ ၅ဝ၆ တို့ကို ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။

kamayutmedia
Previous
Next Post »

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.