အခပေးစနစ် ဝိုင်ဖိုင်ဇုန်များတည်ထောင်ရန် ယခု နှစ်အတွင်း မြန်မာ့ ဆက်သွယ်ရေး (MPT) နှင့် ဂျပန်ဆက် သွယ်ရေး ကုမ္ပဏီတို့ ပူးပေါင်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဝိုင်ဖိုင်စနစ်အား ရန်ကုန် တိုင်းဒေသကြီးအတွင်း၌ စတင်အ သုံးပြုနိုင်ရန် စီစဉ်ထားခြင်းဖြစ်ကာ ယင်း အခပေးဝိုင်ဖိုင်စနစ်ကို နာရီပိုင်း ဖြစ်စေ၊ အချိန်ပြည့်ဖြစ်စေ အမျိုးအ စားများခွဲ၍ အင်တာနက်အသုံးပြု နိုင်ရန် စီစဉ်သွားမည်ဖြစ်ပြီး KDDI, Sumitomo ကော်ပိုရေးရှင်းတို့နှင့် ပူးပေါင်း ဆောင်ရွက်မည်ဟု သိရ သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှတာဝန်ရှိသူတစ်ဦးက ''ဝိုင်ဖိုင်ဇုန် တွေကို ထူထောင်ဖို့လုပ်နေပါတယ်။ လိုအပ်ချက်ရှိတဲ့နေရာတိုင်းမှာ ဝိုင် ဖိုင်ဇုန် တည်ထောင်နိုင်အောင် တစ် ဆင့်ချင်းစီ ဆောင်ရွက်မယ်''ဟု ပြော သည်။
ယင်းမှ အင်တာနက်အသုံးပြု နိုင်မည့်စနစ်ကို မြန်နှုန်းအမျိုးမျိုး သတ်မှတ်ထားကာ ရွေးချယ်အသုံး ပြုနိုင် မည်ဖြစ်ပြီး အဆိုပါဝိုင်ဖိုင် ဝန် ဆောင်မှုအတွက် သီးသန့်ငွေဖြည့် ကတ်ထုတ်သည့်ပုံစံဖြင့်လည်းကောင်း ဖုန်းပြောဆိုခ ငွေဖြည့်ကတ်ထဲမှ ကျသင့်ငွေဖြတ်သည့်ပုံစံဖြင့်လည်း ကောင်း အသုံးပြုနိုင်ရန်ဆောင်ရွက် ထားကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်၍ အိုင်တီ လုပ်ငန်းလုပ်ကိုင်နေသူ ဦးအောင် ဇေယျက ''နိုင်ငံတကာမှာဆိုရင်လဲ ဒီလိုအခပေးသုံးလို့ရတဲ့ ဝိုင်ဖိုင်ဇုန် တွေရှိတယ်။ သူတို့ကပေးထားတဲ့ တန်ကြေးအတိုင်း မြန်နှုန်းသုံးလို့ရ တယ်။ ဝိုင်ဖိုင်ဇုန်မှာ ပိုက်ဆံပေးသုံး တော့လဲ လိုင်းမကောင်းရင် အလကား ပဲလေ''ဟု ပြောသည်။
ယခင်က ယင်းသို့အခပေးစနစ် ဖြင့် ဝိုင်ဖိုင်သုံးနိုင်ရန် မြန်မာ့ဆက် သွယ်ရေး လုပ်ငန်းမှ ပုဂ္ဂလိကကုမ္ပဏီ များနှင့် ပူးပေါင်းစီစဉ်ခဲ့ဖူးကြောင်း သိရသည်။
PPT - ဒီမိုကရေစီတူဒေး
Sign up here with your email
ConversionConversion EmoticonEmoticon