နော်ဝေဘုရင်နှင့် ကြင်ယာတော်တို့ကို တွေ့ရစဉ် (EPA) |
ပေါ်နေသော အပြောင်းအလဲများကို နော်ဝေး နိုင်ငံက အားပေးထောက်ခံပြီး စီးပွားရေးနှင့် ဖွံ့ဖြိုးရေး နယ် ပယ်များ၌ မြန်မာ-နော်ဝေးနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ နော်ဝေးသံ ရုံးက သတင်းထုတ်ပြန်သည်။
နော်ဝေးဘုရင် ဟာရေး၊ မိဖုရားဆွန်ဂျာတို့နှင့်အတူ နိုင်ငံ ခြားရေးဝန်ကြီး ဘောဂ်ဘရက်ဒီ၊ ကုန်သွယ်ရေး
နှင့် စက်မှုဝန်ကြီး မော်နီကာမေလန်ဒ်၊ ရေနံနှင့် စွမ်း အင်ဝန်ကြီးဌာနအတွင်းရေးမှူး ကဲဖော်စကာဘိုလ်၊ ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးဌာန အတွင်းဝန် လားစ်အင် ဒရေစ်လန်ဒေနှင့် နော်ဝေး တီထွင် ဆန်းသစ်မှုအဖွဲ့ စီအီးအိုအယ် နီတာကရုန်တျာဆက်တို့ လိုက်ပါ လာမည်ဖြစ်သည်။
နော်ဝေးဘုရင်၏ ခရီးစဉ် မတိုင်မီ နော်ဝေးနိုင်ငံခြားရေးဝန် ကြီး ဘောဂ်ဘရက်ဒီမှာ မြန်မာ နိုင်ငံသို့ ကြို တင်ရောက်ရှိနေပြီး မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှင့်ပတ်သက်၍ ပြည်ထောင်စုဝန် ကြီးဦးအောင်မင်း၊ ကရင်အမျိုး သားအစည်းအရုံး (KNU)အပါ အဝင် ကရင်တိုင်းရင်းသားအဖွဲ့ များနှင့် ပဲခူးမြို့တွင် နိုဝင်ဘာ ၃၀ ရက်က သီးသန့်တွေ့ဆုံခဲ့သည်။
‘‘မြန်မာမှာ အထွေထွေရွေး ကောက်ပွဲကို ၂၀၁၅ မှာ ကျင်းပ မှာဖြစ်လို့ လာမယ့်နှစ်ဟာ မြန်မာ နိုင်ငံရဲ့ အ နာဂတ်ဖွံ့ဖြိုးတိုးတက် မှုကို အဆုံးအဖြတ်ပေးမယ့်နှစ် ဖြစ်တယ်။ နော်ဝေးဟာ မြန်မာ နိုင်ငံရဲ့ ပြောင်းလဲ မှုဖြစ်စဉ်တွေ ကို ဆက်လက်ထောက်ခံသွားပါ မယ်’’ဟု နိုင်ငံခြားရေးဝန်ကြီး ဘောဂ်ဘရက်ဒီက ပြောကြား သည်။ နော်ဝေးနိုင်ငံမှာ မြန်မာနိုင်ငံ ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တွင် အဓိကကူညီနေသော နိုင်ငံ လည်းဖြစ်သည်။
နော်ဝေးဘုရင်မင်းမြတ်ခရီး စဉ်အတွင်း သမ္မတဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေ မန်း၊ အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစု ကြည်တို့နှင့် တွေ့ဆုံမည်
ဖြစ်ပြီး အရပ်ဘက်အဖွဲ့အစည်းများနှင့် လည်း ရန်ကုန်၌တွေ့ဆုံမည် ဖြစ်သည်။ ထို့အပြင် ဒီဇင်ဘာ ၂ ရက် တွင် ရန်ကုန်တက္ကသိုလ်ဘွဲ့ နှင်းသဘင်ခန်းမ၌ ဒီမိုကရေစီ ဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ ၁၅ မိနစ်ခန့် မိန့်ခွန်း
ပြောကြားမည် ဖြစ်ကြောင်း သံရုံးထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
နော်ဝေးကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းဝန်ကြီး မော်နီကာ မေလန်ဒ်မှာလည်း နိုဝင်ဘာ ၃၀ ရက်က မြန် မာနိုင်ငံ တွင် ပထမ ဆုံး ရင်းနှီးမြှုပ်နှံလုပ်ကိုင်ခွင့်ရခဲ့ သည့် နော်ဝေးအခြေစိုက် တယ် လီနောကုမ္ပဏီ၏ အာရှဒေသ ညွှန်ကြားရေးမှူးချုပ်နှင့် ပြည် တွင်းလက်ကိုင်ဖုန်းဖြန့်ချိသူများ ထံသွားရောက်တွေ့ဆုံခဲ့သည်။
နော်ဝေးဘုရင်မင်းမြတ်မှာ နိုဝင်ဘာ ၃၀ ရက်ညတွင် နေပြည် တော်သို့ ရောက်ရှိမည်ဖြစ်ပြီး ၎င်းနှင့်အတူ အစိုးရအဖွဲ့များ အပြင် နော်ဝေးကုမ္ပဏီ ၄၀ ခန့်မှ ကိုယ်စားလှယ် စုစုပေါင်း ၇၀ ဦး လိုက်ပါလာမည်ဖြစ်
ကြောင်း သံရုံးက ထုတ်ပြန်ထားသည်။ နော်ဝေးဘုရင်မှာ ၎င်း၏ မြန်မာ နိုင်ငံသို့ တရားဝင်အလည်အပတ် ခရီးကို ဒီဇင်ဘာ ၁ ရက်တွင် စတင်မည်ဖြစ်ပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံတို့ကို သွား ရောက် ပြီးနောက် ဒီဇင်ဘာ ၅ ရက်တွင် ခရီးစဉ်ပြီးဆုံးမည်ဖြစ်သည်။
အေးသူစံ | 7day
Sign up here with your email
ConversionConversion EmoticonEmoticon