အခြေခံဥပဒေ ပြင်ဆင်ရန်အဓိက ချုပ်ကိုင်ထားသည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက် သမ္မတ၊ ကာကွယ်
ရေးဦးစီးချုပ် တို့နှင့် တွေ့ဆုံညှိနှိုင်းမည် ဖြစ်သော်လည်း ပြင်ဆင်ချက်များ ပါဝင်သည့် ဥပဒေကြမ်းကို ၂၀၁၅ ရွေးကောက်ပွဲအပြီး တက်လာမည့် အစိုးရသက်တမ်း၏ လွှတ်တော်ကျင်းပချိန် မှသာ အတည်ပြု မည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက နိုဝင်ဘာ ၁၈ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်၌ လက်ရှိဆွေးနွေးမှုတွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် များက ပုဒ်မ ၄၃၆ ကို မပြင်လိုကြောင်း ကန့်ကွက်နေမှုကြောင့် ပြင်ဆင်ရေး အတွက် အရေးပါသော နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်တို့နှင့် တွေ့ဆုံ ညှိနှိုင်းမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
“ဒီသက်တမ်းမှာ ပြင်ဆင်ချက် အတည်ပြုမယ်ဆိုရင် ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။၂၀၁၅ ရွေးကောက်ပွဲကို လက်ရှိဥပဒေအတိုင်းပဲ ကျင်းပမယ်” ဟု ၎င်းက ဆိုသည်။
နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်တို့နှင့် တွေ့ဆုံညှိနိုင်းမှုအပြီး ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ပါက ၅၉ (စ)ကို ပြင်ဆင်နိုင်ရန် တစ်ပါတည်း စဉ်းစားထားသော်လည်း ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းအ တွက် ပြင်ဆင်ရန် ရည်ရွယ်ခြင်းမဟုတ်ကြောင်း၊ ယင်းပြင်ဆင်ရေး အတွက် တပ်မတော်သည် အဓိက အရေးပါ နေကြောင်း ၎င်းက ပြောကြားသည်။
ယင်းအခြေခံဥပဒေ ပြင်ဆင်ရေး အတွက် လာမည့်ဒီဇင်ဘာ ၂၅ ရက် နောက်ဆုံးထား၍ ဆွေးနွေးမှုရလဒ် များကို အပြီးသတ် ဆောင်ရွက်ပြီး ၂၀၁၅ ဇန်န၀ါရီတွင် လိုအပ်သည့် ပုဒ်မများကို ပြည်သူ့ဆန္ဒ ခံယူမည်
ဖြစ်သောကြောင့် ၂၀၁၅ ပါတီစုံရွေးကောက်ပွဲကို ၂၀၀၈ ခုနှစ် အခြေခံဥပဒေအတိုင်းသာ ကျင့်သုံးဆောင် ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အခြေခံဥပဒေ ပြင်ဆင်ချက်များကို ယခုအစိုးရသက်တမ်းတွင် အတည်ပြု လိုက်ပါက လက်ရှိဖွဲ့စည်းထား
သာ အုပ်ချုပ်ရေးကဏ္ဍနှင့် အစိုးရပိုင်းတွင် အပြောင်းအလဲများ ဖြစ်သွားနိုင်သော ကြောင့် ယခုကဲ့သို့ စီစဉ် ရခြင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် ကမူ လွတ်လပ်ပြီး တရားမျှ တသော ရွေးကောက်ပွဲ ဖြစ်ပေါ်လာရန်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ပြင်ဆင်ရမည် ဖြစ်ကြောင်း လူထုဟောပြောပွဲများတွင် မကြာခဏ ပြောကြားခဲ့သည်။
“လက်ရှိ လွှတ်တော်သက်တမ်းမှာ အခြေခံဥပဒေကိုတော့ ပြင်မယ်။ လူထု ဆန္ဒခံယူပွဲတွေ လုပ်မယ်။ ပြီးမှ နောက်အစိုးရ လက်ထက်ကိုရောက်မှ အဲဒါကို အတည်ပြုပေးမယ် ဆိုတော့ အဓိပ္ပာယ်က နှစ်မျိုး ထွက်နေ တယ်။ သူဘာကို ဆိုလိုတာလဲ ဆိုတာကို သေသေချာချာ ဆွေးနွေးသွားမယ်။ ကျွန်တော်တို့ ဘယ်လို တုံ့ပြန်ရမလဲ ဆိုတာကို အသေးစိတ် စကားလုံးကအစ ရွေးချယ်ရမယ်၊ ပြီးရင်ထုတ်ပြန် ချက်ထွက် လာမှာ ပါ” ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဂျင်မီက ပြောကြားသည်။
အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြင်ဆင်ချက်များ ပါရှိသည့် ကော်မရှင်၏ အစီရင်ခံစာကို ပြည်ထောင်စု လွှတ်တော်၌ နိုဝင်ဘာ ၁၃ ရက်မှ ယနေ့အချိန်အထိ ဆက်လက် ဆွေးနွေးနေဆဲဖြစ်ရာ ပုဒ်မ ၄၃၆ အပါအ ၀င် ပုဒ်မ ၅၉ (စ) ၊ ပုဒ်မ ၄၃၆ နှင့် တပ်မတော်နှင့် ဆိုင်ရာပုဒ်မကို ပြင်ဆင်မှု မပြုရန် တပ်မတော်သား ကိုယ်စားလှယ် များက ဆွေးနွေးခဲ့ကြသည်။

Sign up here with your email
ConversionConversion EmoticonEmoticon