မွေးကင်းစ ကလေးငယ်လေး နို့ စို့ နေသည့် ပုံကို မိခင် ဖြစ်သူက ရိုက်ကူးကာ Facebook ပေါ် တင်ခဲ့ရာ တစ်စုံတစ်ယောက်ကယင်းဓါတ်ပုံကိုမလုံတလုံပုံစည်း မျဉ်းနှင့် ငြိသည်ဟု ဆိုကာ ဖြုတ်ချရန် ရီပို့ တင်ခဲ့
သောကြောင့် Facebook ဖယ်ရှား လိုက်သဖြင့် အုတ်အော် သောင်းနင်း ဖြစ်သွား ခဲ့ရသည်။
အသက် ၂၄ နှစ်ရှိ အမ်မာဘွန်းသည့် မိမိ၏ လမပြည့်ဘဲ မွေးဖွားသည့် ကလေးငယ် ကာရင်းက သူ့နို့ကို စို့နေသည့် ပုံကို ရိုက်ကူး၍ သူငယ်ချင်း များသာသီးသန့် ကြည့်ရှုနိုင်ရန် Facebook ပေါ် တင်ခဲ့ခြင်းဖြစ် သည်။
ယင်းပုံကို ၎င်း၏ Facebook သူငယ်ချင်းများ အနက်မှ တစ်ဦး ဖြစ်ဖွယ်ရှိသူက ထိခိုက်မှု ဖြစ်စေသည်ဟု ရီပို့ တင်ခြင်း ခံခဲ့ရသည်။ ယင်းကြောင့် Facebook က ယင်းပုံကို ဖယ်ရှားခဲ့ရာ အမ်မာ Facebook သုံးစဉ် ထိုပုံကို မတွေ့ လိုက်ရ တော့သည့် အတွက် တအံ့တသြ ဖြစ်သွား ရသည်။
ထိုပုံကို တင်လိုက်ချိန်က အမ်မာက နို့ ချို ကိုယ်တိုင် တိုက်ကျွေးမှုကို ထောက်ခံသူများအတွက်တင်ခဲ့ခြင်း
ဖြစ်သည်။ယင်းပုံသည်Like ပေါင်းတစ်သိန်းခြောက် သောင်း ခြောက်ထောင်ကျော် ရရှိခဲ့သည်။ သို့ သော်
လည်း တနလာင်္နေ့ တွင် ထိုပုံကို Share လုပ်ကာ ပြန်တင်သည့် လင့်များလည်း ဖယ်ရှား ခံရသည်။
အမ်မာနှင့် ချစ်သူ အက်ရှလေတို့ နှစ်ဦး၏ မွေးကင်းစ ကလေးငယ် ကာရင်းသည် သီတင်းဆယ့်နှစ်ပတ်
စောကာ မွေးဖွားလာခြင်း ဖြစ်ပြီးအလေးချိန် နှစ်ပေါင် နှစ်အောင်စသာ ရှိသည်။ ကာရင်းသည် သုံးရက် ထက် ပို၍ အသက်ရှင် နိုင်မည် မဟုတ်ဟု သတိပေး ခံထား ရသည့် ကလေးဖြစ်သည်။
“နှစ်ပတ်စောပြီး မွေးလာတဲ့ သမီးလေးကို ရေရှည် အသက်ရှင်မှာ မဟုတ်ဘူးလို့ ပြောကြတယ်။ ဒါကြောင့် ကျွန်မက မိခင်နို့ ရည် သောက်ပါစေ ဆိုပြီးကိုယ်တိုင် တိုက်ခဲ့တာပါ။ ပုံကိုလည်း သူငယ်ချင်း၊ မိသားစုတွေ အတွက်သာ သီးခြား တင်ခဲ့တာပါ”ဟု အမ်မာက ပြောခဲ့သည်။
အသက်ရှင်မည် မဟုတ်ဟု သတ်မှတ် ခံထားရသည့် ကာရင်း လေးသည် ဦးနှောက်တွင် ဝေဒနာ တစ်မျိုး ခံစား နေရဖွယ် ရှိ၍ ဆေးရုံ တွင်ပင် ထားရသည်။ ကလေး ကစားကွင်းကို တည်ထောင် ပိုင်ဆိုင် ထားသည့် အမ်မာတို့  စုံတွဲက ကာရင်း လေးအား Princess Royal ဆေးရုံသို့ နေ့စဉ် သွားရောက် ကြည့်ရှု နေရ သည်။
Ref: Daily Mail
Sign up here with your email
ConversionConversion EmoticonEmoticon