နဂါးစောင့်စောင့် နတ်စောင့်စောင့် မပါမဖြစ်သော အဆင့်များ










ခေါင်းလောင်းကြီးဆယ်ယူရန်ကြိုးပမ်းနေကြခြင်းကို အဓိပ္ပါယ်မရှိ ခေါင်းလောင်းလည်း တကယ်မရှိဟုတခါမှ မပြောပါ။ ကျနော်တို့ အားမလိုအားမရြုဖစ်နေသည်မှာ အင်ဂျင်နီယာများ၏တွက်ချက်မှုအစီအစဉ်များ စနစ်တကျမရှိပဲ ဂမ္ဘီရလိုလို နဂါးတွေနတ်တွေ ကူညီနေသလို ရိုးသားမျှော်လင့်နေသော သူတွေကို လျှောက်ပြောတာကိုလုံးဝလက် မခံနိုင်ခြင်းဖြစ်သည်။ 

ဤမျှလေးလံပြီးမြစ်ကြမ်းပြင် ရွံ့နွံထဲ နှစ် ၄၀၀ မြုပ်နေသော ခေါင်းလောင်းကြီးကို ဆယ်ယူရန်အတွက်
ဖြစ်သင့်သော နည်းလမ်း (Method Statement)ကို ၂၀၁၂ က ကျနော်သူငယ်ချင်း Civil  Engineer ကိုနေမင်းဟိန်းက အင်ဂျင်နီယာ ညီလာခံမှာတင်ပြခဲ့ဘူးသည်။ စာမျက်နှာ (၃၀)ကျော် ရှည် လျားသော သူ၏အစီရင်ခံစာထဲက ပုံ ( 11)ပုံလောက်ကို ကောက်နှုတ်ကာ မြန်မာလို သာမန်လူများနားလည်အောင် ကျနော် ပြန်ရှင်းပြရေးပြပါမည်။ အစီအစဉ်အတိုင်းကြည့်စေချင်ပါသည်။ (၁၁)ပုံ ကုန်အောင်ကြည့်ပါ။

ဖြစ်နိုင်ခြေ (၂) ခုအနက် သဲနွံထဲမှာ မြုပ်နေဖို့က ပိုများပေရာ ရှိနိုင်သောနေရာကို သတ္ထု ( metal)  များကို လုပ်နိုင်သော ဘူမိရူပ အသံလှိုင်းပြန်ဖမ်းယူခြင်းနည်း( Seismic sonic rador surveying) များဖြင့်  နေရာ ကိုတိကျအောင်အရင်ရှာရမည်။ နေရာသေခြာသောအခါ ခေါင်းလောင်းအပေါ်ရှိ နံဘေးရှိ သဲများကို ဒီတိုင်း သယ်မထုတ်နေလို့မရ။ (သည်မျှထူအောင်အုပ်နေသာ သဲများကိုကျော်ကာ ခေါင်းလောင်းကိုယ်ထည်ကို ရေငုပ်သမား မည်သို့စမ်းမိသည် မသိပါ ။) ဘောင်ခတ်မထားပါက သဲနှစ်များက ပြန်ကျ ပြန်အုပ်သွားမည် သာဖြစ်သဖြင့် Temporary Cofferdam (Retaining walls/ sheet piles..etc ) များခတ်ကာ ပတ်ပတ်လည် ရှင်းသွားအောင် အရင် ခြစ်ထုတ်ရ (dredge) မည်။

ခြစ်ထုတ်ကလော်ယူလာသော သဲများကို dredging barge ဖြင့်သယ်ကာ ဝေးရာမှာသွားပြန်သွန်ချရမည်။ ကြိုးချည်နှောင်ရမည့်နေရာ hooks နှင့် ချည်နှောင်မည့်နည်းစနစ်တို့ကို အသေအချာတွက်ချက်လုပ်ဆောင် ရမည် (ဒါတောင် နောက်ကျိနေသောရေအောက်မှာ လုပ်ကြရမည်မှာ အလွန် ခက်ခဲပါလိမ့်မည်။ 

စင်ကာပူမှာကုန်းပေါ်မှာ သာမန် ၃-၄ တန် အလေးချိန်လေး ပစ္စည်းတင်ဖို့ကြိုးချည်ကြ တာတောင်Lifting supervisor / safe work load..etc) တွေဘာတွေနှင့် ရှုတ်ယှက်ခတ်နေသည်)ခေါင်းလောင်းကြီးမှာ ချည်စ ရာဆိုလို့ ထိပ်ကက ကွင်းတခုသာရှိသည်။ ကိုယ်ထည်မှာ သိုင်းပတ်ချည်ရအောင် မြင်သာထင်သာ
ပေါ့ပေါ့ပါးပါး ကုန်းပေါ်မှာ မဟုတ်ပေ။ ထို (ပုစွန်တုပ်)ကွင်းသည်ပင် ဆွေးမြေ့နေလောက်ပြီ။

ခေါင်းလောင်းကြီး တန် ၂၉၀ ဆိုသည်မှာ နည်းနည်းနောနောမဟုတ် ။ရှေးကသမိုင်းဆရာတွေ ချဲ့ကားတာမဟုတ်ဘူးဆိုလျှင် လေယာဉ်တစီးစာလောက်လေးနေပြီ။ ပြီးမှ လေဘူဘောင်းများ တပ်ဆင် ထားသော ဖောင်ပေါ်သို့ အလေးချိန်အသေအချာတွက်ထားသော ကရိန်းဖြင့်မတင်ရနည်။ ပြီးမှ ကုန်းပေါ်သို့သယ်ရမည်။ ရွှေတိဂုံဘုရားလမ်း ကမ်းနားလမ်းတို့က အလေးချိန် ခံနိုင်ရဲ့လားတွေးရဦးမည်။

ရျွေတိဂုံရင်ပြင်ရောက်သည်အထိ ရထားလမ်းသီးသန့်ဖောက်ရမည်။ .ခုပြောသည်မှာ မပါမဖြစ်သော အဆင့်များကို အကြမ်းတင်ပြခြင်းဖြစ်သည်.။ အသေးစိတ်တွက်ချက်မှု များစွာလိုအပ်သည်။ မဟုတ်ပါက လမ်းတွင် နောက်တခါ ပြန်ပြုတ်ကျ ဒုက္ခများဘွယ်ရာရှိပေသည်။

credit to original writer
Previous
Next Post »

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.